ဒီတစ်ခေါက် ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တာက
Darshan Thoogudeepရဲ့
အက်ရှင် ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်
“ယောက်ျားတစ်ယောက် အောင်မြင်နေတဲ့နောက်ကွယ်မှာ ထက်မြက်တဲ့ မိန်းမတစ်ယောက်ရှိတယ်”
တဲ့
စကားလေး ကြားဖူးတယ်
ဒီစကားလေးလိုပါပဲ
အောင်မြင်နေတဲ့ လူလတ်ပိုင်း စီးပွားရေး ပညာရှင် ကုမ္ပဏီပိုင်ရှင် ဗီရားပရာဆပ်ဆိုတဲ့လူတစ်ယောက်မှာ အရမ်းထက်မြက်တဲ့ မိခင်တစ်ယောက်ရှိတယ်. . .
သူ့လို အဘက်ဘက်က တော်တဲ့သူတစ်ယောက်ကို အပျိုတွေ ဝိုင်းနေမှာတော့ အထူးပြေားစရာလိုမယ် မထင်ပါဘူး
ဒီလိုကောင်မလေးတွေအများကြီးထဲကမှ ချမ်းသာချင်လို ့ တောရွာက တက်လာတဲ့ လှပျိုဖြူမလေး ကေရ်သီ. . .
စိတ်ကောင်းနှလုံးကောင်းရှိပြီး ရုပ်ရည်လှပတဲ့ ယဉ်ကျေးလိမ္မာသူလေး ပူရ်သီနဲ့
မိရိုးဖလာအစဉ်အလာတွေအောက်မှာ ကြီးပြင်းခဲ့ရပေမယ့် ခေတ်ဆန်ဆန်နေတတ်သူ ကြွတ်ဆတ်ဆတ်နိုင်တဲ့ ချစ်စရာကောင်မလေး ပရီသီတို ့နဲ့ ဗီရား အမှတ်မထင် တွေ့ဆုံမိကြတဲ့အခါ. . .
ပျိူတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီး ဗီရားကို မယ်ပိုင်စီးကြဖို ့(ကောင်မလေးတွေက လုကြိုက်ကြတာမို့ မောင်ပိုင်စီးမဟုတ် ) ဗီရားရဲ့ အချစ်ကို ရယူဖို့ ့အမျိုးမျိုးကြိုးစားကြပုံတွေကို. . .
လူငယ်ဆန်ဆန်နဲ့ သမရိုးကျမဟုတ်တဲ့ ဇာတ်လမ်းသွားကို ခံစားမိစေမှာပါ
ဒါ့အပြင် ဗီရားမှာ ပြိုင်ဘက်စီးပွားရေးသမား လူညစ် ဆင်း(Singh)ဆိုတဲ့သူနဲ့ ကာနာတားကား ပြည်နယ် လျှပ်စစ်စီမံကိန်းကို ယှဉ်လုကြရင်း အခဲ့မကြေရာကနေ ဆင်းဂ်ရဲ့ လက်တုန့်ပြန်ဖို ့ကြိုးစားပုံတွေိနဲ့
ဗီရားအဖြစ် သရုပ်ဆောင်တဲ့ မင်းသားရဲ့ အက်ရှင်အကြမ်းတွေကိုလည်း မြင်ရတွေ့ရဦးမှာဖြစ်လို ့. . .
အချစ် အကြမ်းနဲ့ ဇာတ်အိမ်လှပတဲ့ ကားလေးမို ့ အားပေးဖို ့ တွေဝေမနေနဲ့နော်
0 comments:
Post a Comment