Villain (2017)


Rating : 6.3/10
Country : India 
Genre :  Action, Crime, Thriller 
Cast :   Mohanlal, Vishal, Manju Warrier
Released Date : 2017
Duration : 2h 23min

 

အညွှန်း



Ajay ရိုက်ကူးထားတဲ့ Drishyam ဆိုတဲ့ကားကို

ကြည့်ဖူးပါသလား

အဲ့ဒီကားထဲက

အတန်းပညာနိမ့်ပါးတဲ့ လူတစ်ယောက်က

ရဲမင်းကြီးကို အနိုင်ယူခဲ့လို ့ပါးစပ်အဟောင်းသား ဖြစ်ဖူးပါသလား…


စင်စစ် အဲ့ဒီကားကို တောင်ပိုင်းမင်းသားကြီး

(Mohanlal)မိုဟန်လယ်က မူရင်းရိုက်ကူးခဲ့တယ်လို ့

ပြောရင်

ခင်ဗျားတို ့ပိုပြီးတော့များ အံ့သြသွားမလား


ကဲထားပါတော့

အခုကားကတော့ အဲ့ဒီလိုဇာတ်ကားကောင်းတွေကို ရိုက်တတ်တဲ့

တောင်ပိုင်းမင်းသားကြီး

မိုဟန်လယ်နဲ ့ အက်ရှင်မင်းသားချော ဗီရှောတို ့ အပြိုင်ကြဲထားတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားဖြစ်ပါတယ်


ဇနီးသည်နဲ ့သမီးငယ်တို ့ ကားအက်ဆီးဒင့်ဖြစ်ပြီး

ဆုံးပါးသွားလို ့ ရဲအလုပ်ကနေ အနားယူတော့မယ့်

ရဲအရာရှိ မစ္စတာမက်သရူးတစ်ယောက်…..

အိမ်ဟောင်းကြီးတစ်လုံးမှာ ဖြစ်တဲ့

သုံးလောင်းပြိုင် လူသတ်မှုနောက်ကို လိုက်လံစုံစမ်းရင်း

ဇနီးသည်နဲ ့သမီးငယ်တို ့ သေဆုံးရခြင်း အကြောင်းအရင်းအမှန်ကို သိလာရတဲ့နောက်မှာ….


တောင်ပိုင်းမင်းသားတွေထဲမှာတော့

မင်းသားဗီရှောက စုံထောက်ဇာတ်ရုပ်နဲ ့ တော်တော်လိုက်ဖက်တဲ့ မင်းသားဖြစ်ပြီး

လျှို ့ဝှက်သည်းဖိုကားတွေနဲ ့တော်တော် အံဝင်ခွင်ကျဖြစ်တဲ့ မင်းသားလည်း ဖြစ်ပါတယ်…

ဖိုက်တင်တွေ အိုက်တင်တွေ

အပိုအလိုမရှိ သရုပ်ဆောင်တတ်တဲ့ မင်းသားဗီရှောနဲ ့

အသက်ကြီးပေမယ့် မပျက်စီးသေးဘူးဆိုတာကိုပြပေးမယ့်

မင်းသားကြီး မိုဟန်လယ်တို ့ရဲ ့

အကောင်းဆုံး အားပြိုင်မှုကို

ဒီဇာတ်ကားလေးမှာ ခံစားကြည့်ရှုလိုက်ပါ။ 


 

0 comments:

Post a Comment