Uncle Frank (2020)


 

Rating : 6.9/10
Country : United State
Genre : Drama
Cast : Paul Bettany, Sophia Lillis, Peter Macdissi
Released Date : 2020
Duration : 1h 35min

အညွှန်း
ပရိသတ်တွေကို အတွေးအမြင်တွေ နှလုံးသားထဲထိ စွဲကျန်ရစ်စေမယ့် ဇာတ်ကားကောင်းလေး တစ်ခုကို မိတ်ဆက်ပေးရမယ် ဆိုရင်ဖြင့်
2020 January လက အသစ်ထွက်ရှိထားတဲ့ “Uncle Frank” (အန်ကယ်ဖရန့်) ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်ကားလေးမှာဖြင့်
အန်ကယ်ဖရန့် အဖြစ် Paul Bettany ၊ အန်ကယ်ဖရန့်၏တူမလေး ဘက်(ဘက်တီ) အဖြစ် Sophia Lillis၊ အန်ကယ်ဖရန့်၏ ချစ်သူ ဝေါ်လီ အဖြစ် Peter Macdissi က ပါဝင်ထားပါတယ်။

ဇာတ်လမ်းလေးဟာဆိုရင်ဖြင့် မိသားစုမှ ဖခင်၏အပယ်ခံဖြစ်နေသောသားကြီး ဖရန့်တစ်ယောက်… လူကြီးတစ်ယောက်လိုနေရာပေး ဆက်ဆံမခံရသော ဘက် …
ဖရန့်အပေါ် အဖိုးဖြစ်သူ၏အပြုအမူများကို ဘက် တစ်ယောက်နားမလည်နိုင်ခဲ့။ လူကြီးတစ်ယောက်အဖြစ် ဘက် တစ်ယောက် နယူးယောက်ကို ရောက်သည့်အခါ ဘာတွေ ဆက်ဖြစ်မလဲ…
အမှန်တရားရဲ့ အနှစ်သာရက ဘာများဖြစ်နေမလဲ…

ဒီတော့ ဒီကားလေးမှာ သဘာဝအားဖြင့်တော့ ပုံစံမတူတဲ့ အချစ်တစ်ခုဖြစ်နေသလို တစ်ဖက်ကလည်း လူသားနှစ်ဦး၏ မေတ္တာဖြစ်နေပြန်တယ်။ ဘာသာရေးအရ အပြစ်ဖြစ်နေတဲ့ မေတ္တာ တစ်ခု…

ကဲ ကြည့်ရှူသူများရေ…
ဒီဇာတ်လမ်းလေးရဲ့ Rating ဟာဖြင့်
IMDb -6.5/10 ရရှိထားသလို Rotten tomatoes အနေနဲ့ 85% ရရှိထားတာပဲ ဖြစ်ပါတယ်နော်…

ဖရန့်တစ်ယောက် ရုတ်တရက်ဆုံးပါးသွားသော ဖခင်၏အသုဘကို ဘယ်လို ရင်ဆိုင်မလဲ…
ချစ်သူ ဝေါ်လီကရော ဘယ်လိုအခန်းကဏ္ဍကများ ဖရန့်အတွက် ဖြစ်နေမလဲ…
စမ်းချောင်းလေးမြို့ငယ် ဆိုတာကရော သူ့အတွက် ဘယ်လိုမြို့လေးလဲ…

လူသားအားလုံးအတွက် နှလုံးသား မေတ္တာနွေးထွေးမှုကို ဖော်ကျူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် လက်လွှတ်မခံသင့်ပါ။

တစ်ခါတစ်ရံတွင်လမိသားစုကြောင့် နာကျင်ရတတ်သလို မိသားစုကြောင့်ပဲ နွေးထွေးမှုတွေကို ခံစားသိမြင်လာကြပါတယ်..

“Uncle Frank “ဆိုတဲ့ ဇာတ်ကားလေးကို ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်…

0 comments:

Post a Comment