Rating : 7.2/10
Country : United State
Genre : Drama, Family, Romance
Cast : Val Kilmer, Lucy Gutteridge, Peter Cushing
Released Date : 1984
Duration : 1h 30min
Country : United State
Genre : Drama, Family, Romance
Cast : Val Kilmer, Lucy Gutteridge, Peter Cushing
Released Date : 1984
Duration : 1h 30min
အရှေ့ဂျာမနီကိုရောက်နေတဲ့ အမေရိကန်ရော့ခ်အန်ရိုး အဆိုတော် နစ်ခ်ရေးဗားဟာ ဟီလာရီဖလန်မွန်းဆိုတဲ့ မိန်းမလှလေးတစ်ယောက်နဲ့ စားသောက်ဆိုင်တစ်ခုမှာ တွေ့ဆုံခဲ့ပါတယ်။ ဟီလာရီဟာ တော်လှန်ရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ဂျာမန်တွေရဲ့ ဖမ်းဆီးခံ စွမ်းအားကြီး အဖျက်လက်နက်ဖန်တီးဖို့ အကျပ်ကိုင်ခံနေရတဲ့ သူ့အဖေ သိပ္ပံပညာရှင်ဒေါက်တာဖလန်းမွန်းကို ကယ်တင် ဖို့ စောင့်နေတာပါ။ နစ်ခ်က ဒေါက်တာ ဖလန်းမွန်းကို ထောင်ထဲမှာတွေ့ခဲ့တဲ့အကြောင်းပြောပြခဲ့ပြီးတဲ့နောက် ဟီလာရီ နဲ့ နစ်ခ်ဟာ တော်လှန်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ နိုင်ဂျယ်နဲ့ ဆုံတွေ့ခဲ့ရပါတယ်။ နောက်ပိုင်းတော့ တော်လှန်ရေးအဖွဲ့ထဲမှာ သစ္စာဖောက်ရှိနေလို့ သူတို့ထက် ပြိုင်ဘက်ဟာအမြဲတမ်း ကွက်ကျော်မြင်နေခဲ့ ကြောင်းသိရချိန်မှာ.. အဲ့ဒီသစ္စာဖောက် ဟာ ဘယ်သူဖြစ်မလဲ? ဟီလာရီနဲ့နိုင်ဂျယ်မှာ တစ်ခြားပတ်သက်မှုတွေရှိနေမလား? Top Secret!ဟာ ဒုတိယကမ္ဘာစစ် စပိုင်ဇာတ်ကားတွေနဲ့ ဂီတအခြေခံရုပ်ရှင်တွေ အများစုကို သရော်လှောင်ပြောင်ထားတဲ့ parody ကားတစ်ကားပါ။ ငယ်ငယ်က ရင်းနှီးပြီးသဘောကျခဲ့ရတဲ့ Hot shots! 1/2 နဲ့ Scary movies အတွဲတွေကို ကြိုက်ခဲ့တယ်ဆိုရင်လဲ ဒီကားကို သေချာပေါက်သဘောကျကြမ ှာပါ။ အဲ့ဒီခေတ်ကားတွေကို မကြည့်ဖူးဘူးဆိုရင်တောင် သူတို့ အတည်ပေါက်နဲ့ဖောက်နေတာတွေကိုကြည့်ရုံနဲ့ တစ်ကားလုံးခွီနေရမှာ သေချာပါတယ်။တွေးတွေးပြီး ရယ်နေရတဲ့ကားမို့ ဟာသကားကောင်းကောင်းတွေ ကြိုက်သူတွေကို လမ်းညွှန်ပေးပါရစေ…
0 comments:
Post a Comment