Rating : 6.4/10
Country : United State
Genre : Adventure, Comedy, Family
Cast : Kurt Russell, Goldie Hawn, Darby Camp
Released Date : 2020
Duration : 1h 52min
Country : United State
Genre : Adventure, Comedy, Family
Cast : Kurt Russell, Goldie Hawn, Darby Camp
Released Date : 2020
Duration : 1h 52min
အညွှန်း
ဒီကားကတော့ 2018 ကထွက်ရှိထားတဲ့ Christmas Chronicles ရဲ့အဆက်လေးပါ။ ရှေ့ကားလေးမကြည့်ရသေးရင်လည်း ကြည့်သင့်ကြောင်းပါ။
ဒီထဲမှာတော့ ပီးယားစ်တို့ သားအမိသုံးယောက်ဟာ ပီးယားစ်မေမေရဲ့ချစ်သူ ဘော့တို့သားအဖနဲ့အတူတူ ခရစ်စမတ်ကာလမှာ မက္ကဆီကိုမှာ အပန်းဖြေနေတာနဲ့စထားပါတယ်။
သူ့ဖခင်ဆုံးသွားတာ မကြာသေးတဲ့ကိတ်လေးက သူ့မိခင်နဲ့ ဘော့တို့ကြည်နူးနေကြတာကို လုံးဝကို မကြိုက်ပါဘူး။
အဲ့ဒါနဲ့ သူဒီခရီးကနေရှောင်ပြေးဖို့ လုပ်ပါတော့တယ်။ တစ်ချိန်ထဲမှာပဲ ဆန်တာတို့လင်မယားကို မျက်မုန်းကျိုးနေတဲ့ ဘယ်လ်ရှနစ်ကယ်ဆိုတဲ့
နတ်သူငယ်က True believer ကိတ်လေးကိုတွေ့သွားတော့ ကိတ်ကိုပြန်ပေးဆွဲဖို့ နည်းတွေသုံးပြီး မြောက်ဝင်ရိုးစွန်းကို ဖမ်းခေါ်သွားပါတော့တယ်။
ဒီလိုပြန်ပေးဆွဲမှုကြီးထဲ ဘော့ရဲ့သား ဂျက်ခ်ပါ မတော်တဆပါသွားတဲ့အခါ ဘာလို့များ ဘယ်လ်ရှနစ်ကယ်က ဆန်တာကိုအငြိုးတကြီးဖြစ်နေရတာလဲ။
ကိတ်နဲ့ ဂျက်ခ်ကို မြောက်ဝင်ရိုးစွန်းကို ဘာလုပ်ဖို့ ဖမ်းခေါ်သွားတာလဲ။ ဘာတွေဖြစ်ကြဦးမလဲဆိုတာကိုတော့ ဆက်ကြည့်ပေးကြပါဦး။
IMDb 6.5 , RT 70% ရထားပြီး မိသားစုနဲ့ကြည့်ရင် ပိုအရသာရှိနိုင်မယ့် နွေးနွေးထွေးထွေးဇာတ်လမ်းလေးပါပဲ။
0 comments:
Post a Comment