Rating : 6.5/10
Country : China
Genre : Comedy, Drama
Cast : Chengpeng Dong, Yan Liu, Lele Dai
Released Date : 2020
Duration : 1h 37min
Country : China
Genre : Comedy, Drama
Cast : Chengpeng Dong, Yan Liu, Lele Dai
Released Date : 2020
Duration : 1h 37min
အညွှန်း
Comedy အမျိုးအစားဖြစ်ပြီး Chinese IMDBအရ Rating 6.8ရထားတဲ့ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ ရထားတဲ့ ratingနဲ့အညီ နောက်ဆုံးအထိ ရယ်လဲရယ်ရသလို မြုပ်ကွက်တွေကလဲ တကယ်အံသြစရာကောင်းပါတယ်။အဓိကလူက ယန်ဂျင်။ ဂျင်ဆိုတဲ့ စကားလုံးက တာဝန်သိတတ်မှု၊ အလေးအနက်ထားမှုနဲ့ အသေးစိတ်ကျမှုဆိုပြီ အဓိပ္ပါယ်ရတယ်။ ဒီလိုပါပဲ ယန်ဂျင်တစ်ယောက်ဟာလဲ နာမည်နဲ့အတူ တာဝန်ကျေပွန််တယ်။ လုပ်ထုံးလုပ်နည်းအတိုင်း တသွေမတိမ်းသွားတယ်၊ စည်းစနစ်ကျတယ်။အဲ့လိုလူတစ်ယောက်ဖြစ်တဲ့ ယန်ဂျင်ဟာ တစ်ရက်မှာ စစ်ရေးလေ့ကျင့်မှုတစ်ခုမှာ ဓားပြနေရာသရုပ်ဆောင်ဖို့ အကြောင်းဖန်လာပါလေရော။ ယန်ဂျင်က ဘဏ်ဝန်ထမ်းတစ်ယောက်၊ စစ်ရေးလေ့ကျင်မှုက ဘယ်လိုလဲဆိုရင် တကယ်ဘဏ်ကို ဓားပြအတိုက်ခံရသလိုမျိုး လေ့ကျင့်ရတာ။ ယန်ဂျင်ရဲ့ ဇာတ်ဆောင်နေရာက…. ဓားပြ။
ဘယ်အရာမဆို အသေးစိတ်ကျတတ်တဲ့ ယန်ဂျင််ကတော့ ထုံးစံအတိုင်း ဓားပြတိုက်ဖို့ အစီအစဥ်တွေဆွဲ၊ အကြံတွေထုတ်၊ လေ့ကျင့်ခန်းတွေ လုပ်တာပေါ့လေ။ ရဲတွေကတော့ ဒီတိုင်းပြီးသွားမှာပဲ ဆိုပြီး အလေးအနက်မထားကြဘူး။ ယန်ဂျင်သူငယ်ချင်းတွေဆို အလုပ်စောစောဆင်းရတော့မယ်ဆိုပြီး ပျော်နေကြ။သူတို့မေ့နေတာက…… ယန်ဂျင်က ဘယ်လိုလူစားမျိုးလဲဆိုတာပင်။ဘယ်အရာမဆို အလေးအနက်ထားလုပ်တတ်တဲ့ ယန်ဂျင်တစ်ယောက်…. စစ်ရေးလေ့ကျင့်မှုမှာ ဘယ်လိုတွေ ကမောက်ကမတွေဖြစ်လဲဆိုတာ…..ရယ်ရယ်မောမောနဲ့ ကြည့်ရှုခံစားရမှာပါ။ တကယ် ရယ်ရတာဆိုတာ ဘာသာပြန်နေရင်း ရယ်နေမိလို့ တော်တော်နဲ့မပြီးဘူး…….ရယျစရာကောငျးပွီး ပေါတောတော ကားကွီးလားလို့ မေးရငျတော့မှားသှားပွီ…. နောကျဆုံးပိုငျးကမြှ တကယျ ‘အောျအဲ့လိုကိုး’ ဆျိုပွီးဖွစျသှားရတဲ့အထိပါပဲ။ကိုတိကျကြီးယန်ဂျင်ရဲ့… ရဲတွေကို ဘယ်လိုဒုက္ခပေးမလဲဆိုတာ ကြည့်လိုက်ကြပါစို့လား

0 comments:
Post a Comment