2019 ခုနစ်ထွက် drama ဇာတ်ကားဖြစ်ပါတယ်The Fault in our stars, The Divergent series နဲ့Baby driver တို့ရဲ့မင်းသားချောAnsel Ergot ကအဓိကမင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီးNicole Kidman နဲ့ stranger things ထဲကကလေးသရုပ်ဆောင်
Fin Wolfhard တို့လည်းပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ သီယိုဒေါဒက်ကာဆိုတဲ့၁၃နှစ်အရွယ် ချာတိတ်လေးက ဖခင်ဖြစ်သူစွန့်ပစ်သွားပြီးနောက်မိခင်ဖြစ်သူနဲ့နှစ်ယောက်တည်းနေထိုင်ပါတယ်….တစ်ရက်တော့ မိခင်ဖြစ်သူနဲ့ ပန်းချီပြခန်းသွားရင်းအကြမ်းဖက်ဗုံးခွဲမှုတစ်ခုကြောင့် မိခင်ဖြစ်သူသေဆုံးသွားခဲ့ပါတယ်…. လူ့လောကအလယ်မှာ မျက်နှာငယ်နဲ့ကျန်ရစ်ခဲ့ရတဲ့ သီယိုဒေါရဲ့ဘဝထိုထိုကို ရိုက်ကူးထားတာဖြစ်ပြီးလူ့လောကရဲ့ကြမ်းတမ်းခက်ခဲမှုတွေကြားမှာဘယ်လိုရှင်သန်ရမလဲဆိုတာတွေ…မိသားစုဆိုတာသွေးသားတော်စပ်မှမဟုတ်ပဲချစ်ခြင်းမေတ္တာတရားပေါ်ပဲမူတည်တယ်ဆိုတာရယ်…လူတွေရဲ့အတ္တဖုံးတဲ့စိတ်ဓာတ်တွေရယ်ကို မြင်တွေ့ခံစားရမှာပဲဖြစ်ပါတယ်…
0 comments:
Post a Comment