Sweet November (2001)


 

Rating : 6.7/10
Country : United State
Genre : Drama, Romance 
Cast : Keanu Reeves, Charlize Theron, Jason Isaacs 
Released Date : 2001
Duration : 1h 59min

အညွှန်း
ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ နိုဝင်ဘာလရဲ့ အချစ်ဇာတ်လမ်း Drama လေးပဲ
ဖြစ်ပါတယ်။ ခွေးလေးတွေကို ချစ်တဲ့သူ၊ မိသားစုတွေနဲ့ အဆင်မပြေပြီး တစ်ယောက်ထဲဘဝကို ရူးရူးမိုက်မိုက်နဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ ကင်ဆာရောဂါသည်မလေး ဆာရာ….ဘဝကို ပြေးလမ်းတစ်ခုလို သဘောထားပြီး ဘဝကို အလုပ်ထဲမှာပဲ အချိန်ပြည့်နစ်မြှုပ်ထားတဲ့ နယ်လ်ဆင်……သူ့ဘဝထဲ ဆာရာဆိုတဲ့ ရူးမိုက်မိုက်ကောင်မလေးဝင်ရောက်လာချိန်မှာတော့ ဘဝရဲ့အဓိပ္ပါယ်၊ ပျော်ရွှင်မှုတွေကိုဆာရာကြောင့် သိရှိခဲ့ရတယ်။ နယ်လ်ဆင်တစ်ယောက် အချစ်ကိုခံစားမိချိန် ဆာရာ့ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ နယ်လ်ဆင့်အချစ်ကို ဆာရာတစ်ယောက် လက်ခံပါ့မလား။ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုရမှာဖြစ်ပါတယ်။Sweet November ဝတ္ထုကို 1968 ခုနှစ်က ဇာတ်ကားပြန်လည်ရိုက်ကူးထားပြီး Sweet November နာမည်နဲ့မင်းသားက Anthony Newley နဲ့ မင်းသမီးက Sandy Dennis တို့ သရုပ်ဆောင်ခဲ့ပါတယ်။2001 ခုနှစ်မှာတော့ ထိုဇာတ်ကားကို Sweet November နာမည်နဲ့ပဲ မင်းသား Keanu Reeves နဲ့ မင်းသမီးCharlize Theron တို့ ပြန်လည်ရိုက်ကူးခဲ့တာပါ။ နိုဝင်ဘာလရဲ့အချစ်Drama လေးကို အိမ်တွင်းပုန်းကာလတွင်း ဖီးလ်ကြရအောင်…..

0 comments:

Post a Comment