Sky Captain and the World of Tomorrow (2004)


 

Rating : 6.0/10
Country : United State
Genre : Action, Adventure, Mystery
Cast : Gwyneth Paltrow, Jude Law, Angelina Jolie
Released Date : 2004
Duration : 1h 46min

အညွှန်း
Sky Captain and The World of Tommorrow ဇာတ်ကားဟာ 2004 ခုနှစ်ကထွက်ရှိထားတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားလေးဖြစ်ပါတယ်Imdb rating အနေနဲ့ 6.1/10 ထိရရှိထားပြီး rotten tomatoes 71% ထိရရှိထားပါတယ်သရုပ်ဆောင်တွေကတော့ နာမည်ကြီးတွေဖြစ်တဲ့ Jude Law,Angelina Jolie,Gwyneth Paltrow တို့ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော ွ့ းပညာတွေတိုးတက်ခေတ်မီနေတဲ့ 1939 ခုနှစ်မှာ သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာ Vargas တစ်ယောက် အရေးကြီးပစ္စည်းတစ်ခုပို့ဆောင်ရင်း ရုတ်တရက်ပျောက်ဆုံးသွားပါတယ်ဤဖြစ်ရပ်နဲ့အလားတူ သိပ္ပံပညာရှင် ငါးဦးတိတိပျောက်ဆုံးမှုကိုလေ့လာစုံစမ်းနေတဲ့ သတင်းထောက်မလေး Polly Perkins ဟာ စုံစမ်းရင်း ဒေါက်တာ Jennings နဲ့တွေ့ဆုံခဲ့ပါတယ်
တွေ့ဆုံစဉ် ဒေါက်တာ Jennings မှ ဒေါက်တာ Tokenkopf ဆိုသူ၏နောက်ပစ်မှတ်မှာ သူဖြစ်ကြောင်းပြောခဲ့ပါတယ်…..ထိုစဉ်ရုတ်တရက် အစွမ်းထက်စက်ရုပ်များ သူမတို့မြို့ကိုတိုက်ခိုက်လာပါတော့တယ်….စက်ရုပ်များကိုတန်ပြန်တိုက်ခိုက်သူ Sky Captain လို့ခေါ်တဲ့ ဟီးရိုး Joe Sullivan…….တိုက်ပွဲကြားမှာ သက်စွန့်ဆံဖျားရိုက်ချက်တွေနဲ့ နောက်ကွယ်က ဖြစ်ရပ်တွေကိုစုံစမ်းဖို့ အဓိကနေရာမှပါဝင်လာတဲ့ သတင်းထောက်မလေး Polly……ကမ္ဘာတစ်ဝှမ်း စက်ရုပ်တိုက်ခိုက်မှုများဖြစ်ပွားလာမှုနဲ့အတူ……သူတို့နှစ်ယောက် ဒီ ပြဿနာတွေကိုဘယ်လို စုံစမ်းဖော်ထုတ်ပြီး ဖြေရှင်းမယ်ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် စိတ်ကူးယဉ်သိပ္ပံအက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်

0 comments:

Post a Comment