Rating : 6.1/10
Country : United State
Genre : Comedy, Romance, Adult
Cast : Jonas Chernick, Emily Hampshire, Sarah Manninen
Released Date : 2012
Duration : 1h 38min
Country : United State
Genre : Comedy, Romance, Adult
Cast : Jonas Chernick, Emily Hampshire, Sarah Manninen
Released Date : 2012
Duration : 1h 38min
အညွှန်း
အိပ်ယာထဲမှာ မစွမ်းဆောင်နိုင်ဘူးဆိုပြီး ရည်းစားက ထားသွားတဲ့ စာရင်းကိုင်လေး ဂျော်တန်…….တိုရွန်တိုမြို့ကို ရည်းစားနဲ့လည်ပတ်ဖို့ စီစဉ်ထားပေမယ့် ကောင်မလေးက မလာတဲ့အတွက် တစ်ယောက်တည်း ငိုင်တိုင်တိုင် တိုရွန်တိုမြို့ကိုရောက်လာပါတော့တယ်။ အဲ့ဒီမြို့ကိုရောက်တော့ သူ့ရဲ့သူငယ်ချင်းက သူ့ကို မိန်းမကိုင်တွယ်နည်းတွေ သင်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အဖော်ချွတ်သမားအဖြစ် အသက်မွေးနေရသော်လည်း ဘဝကို ပျော်ပျာ်နေတတ်ပြီး အနာဂတ်မှာ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်ချင်တဲ့ ကောင်မလေး ဂျူလီယာ……ဂျော်တန်တစ်ယောက် စိတ်ညစ်ညစ်နဲ့ လျှောက်သွားနေရင်း အဖော်ချွတ်ကလပ်ထဲ ရောက်သွားပါတော့တယ်။ သူ့ကိုထားသွားတဲ့ ရည်းစား သူ့ဆီပြန်လာအောင်၊သဝန်တိုအောင် လုပ်မယ်ဆိုပြီး ကလပ်က ကောင်မလေးတွေနဲ့ ဓာတ်ပုံရိုက်နေရင်း လူကလည်းမူးဆိုတော့ သူ့ဆီမှာရှိသမျှပိုက်ဆံ၊ဘောင်းဘီကအစအကုန် ယူသွားခံခဲ့ရပါတယ်။ ကလပ်ရဲ့နောက်ဖေးဘက်ကို အိမ်ပြန်ရန်ထွက်လာသော ဂျူလီယာတစ်ယောက် ဂျော်တန်ကို သနားတဲ့အတွက် အိမ်ခေါ်ခဲ့ရာမှ ရင်းနှီးသွားကာ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက် ပြန်ကူညီရင်း စိတ်ထဲကနေ သံယောဇဉ်လေးတွေရှိလာခဲ့ပါတယ်။ဒါဆိုနောက်ပိုင်းမှာ ဂျော်တန်ရဲ့အရင်ရည်းစားကရော သူ့ဆီပြန်လာအုန်းမလား။ ဂျူလီယာနဲ့ ဂျော်တန်တို့ပဲ ပေါင်းဖက်သွားကြမလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်နော်။ Comedy နဲ့ Romance အမျိုးစားဖြစ်လို့ ကြည့်ရတာ ဟာသရသ အပြင် ကြည်နူးမှုရသကိုပါ ခံစားကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ 18+ ဇာတ်ဝင်ခန်းတွေ ပါတဲ့အတွက် အသက်၁၈ပြည့်ပြီးသူများ ကြည့်ရန်ပိုပြီးသင့်တော်ပါတယ်။
0 comments:
Post a Comment