IMDb Rating (6.5) ရရှိထားတဲ့ တမီးလ်ဇာတ်ကားလေးပါ။
ဆတ္တယာ(Sathya) ဟာ သြစတေးလျက အဆင့်မြင့်ကုမ္ပဏီတစ်ခုမှာ အဆင့်မြင့်အရာရှိတစ်ယောက်အနေနဲ့
လုပ်ကိုင်နေတဲ့ သူတစ်ယောက်ဖြစ်ပြီးတော့ အချစ်ရေးရာကိစ္စဆိုလို့ ဘာမှကိုစိတ်မဝင်စားတတ်တဲ့သူပါ။
တစ်နေ့မှာတော့ အိန္ဒိယနိုင်ငံချင်နိုင်းမှာရှိနေတဲ့ သူ့ရည်းစားဟောင်းဖြစ်တဲ့ (Swetha) ဆွီသာ့ဆီကနေ အကူအညီတောင်းတဲ့ ဖုန်းအသံမက်ဆေ့တစ်ခုရပါတယ်။
လွန်ခဲ့နှစ်လလောက်က ဆွီသာရဲ့ ငါးနှစ်အရွယ်သမီးလေးကို လူစိမ်းနှစ်ယောက်က ဖမ်းဆီးခေါ်သွားခဲ့တယ်လို့ ဆွီသာကပြောဆိုုပြီး သူ့သမီးလေးကို ပြန်ပြီးရှာပေးဖို့အတွက် အကူအညီတောင်းတာပါပဲ။
ချန်နိုင်းမှာရှိနေတဲ့ ရဲတွေက ဒီအမှုကို ရေရေရာရာစုံစမ်းစစ်ဆေးတာမလုပ်ခဲ့ကြပဲ အမှုကိုပိတ်ပစ်လိုက်ကြပြီးတဲ့နောက် ငါးနှစ်အရွယ်ကလေးမလေးတစ်ယောက်ဆိုတာ တကယ်မရှိတဲ့အကြောင်းနဲ့
ဆွီသာ့အနေနဲ့ ထင်ယောင်ထင်မှာဖြစ်နေတာသာဖြစ်ပြီး စိတ်ရောဂါကုဆရာဝန်ဆီကို သွားတွေ့သင့်ကြောင်းကိုပဲ ရဲတွေက တုန့်ပြန်ကြပါတယ်။
ဆွီသာရဲ့ အမျိုးသားဖြစ်သူနဲ့ အိမ်နီးချင်းတွေကိုယ်တိုင်ကလည်း ဆွီသာဟာ ကလေးမရနိုင်တဲ့သူဖြစ်တဲ့အကြောင်းနဲ့ ဒီလိုဖြစ်ပျက်နေတာဟာ ဆွီသာရဲ့စိတ်ကူးယဉ်မှုတစ်ခုသာဖြစ်တဲ့အကြောင်း ဆတ္တယာကို ရှင်းပြကြပါတယ်။
ဒါပေမယ့်…
အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ချန်နိုင်းမြို့ရဲတပ်ဖွဲ့မှူး နဲ့ ရဲတပ်ဖွဲ့ဝင်တွေ….
ဆွီသာ့ရဲ့ အမျိုးသား နဲ့ ဆေးစွဲနေတဲ့ ညီဖြစ်သူ….
ဆတ္တယာကို အနီးကပ်အကူအညီပေးနေတဲ့ ဘာဘူခန်….
သူတို့တွေ အားလုံးက ဒီဖြစ်ရပ်တစ်ခုလုံးရဲ့နောက်ကွယ်မှာရှိနေတာကို ဆတ္တယာ သိလိုက်ရတဲ့အခါ……..။

0 comments:
Post a Comment