Sanju (2018)


Rating : 7.8/10
Country : India 
Genre : Biography, Drama 
Cast : Ranbir Kapoor, Paresh Rawal, Manisha Koirala
Released Date : 2018
Duration :  2h 35min

အညွှန်း



ဂုဏ်သရေရှိ အမျိုးသမီး အမျိုးသားအပေါင်းတို့ ခင်ဗျာ

ဒီနေ့ဟာဆိုရင် ကျွန်တော့်အတွက် အင်မတန်မှ ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့တစ်နေ့ပါ

ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာ ကျုပ်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ် ထွက်ရှိမှာ မို့လို့ပါ

============================================

ကျွန်တော့်လောက် ကဏ္ဌစုံတဲ့လူ တစ်ယောက်ကို ဘယ်မှာမှတွေ့နိုင်ဖုုိ့မရှိဘူးဗျ

ကျွန်တော်က အရက်သမား၊ ဆေးသမား၊ မိန်းမပွေလွန်းတဲ့လူဗျ

ဒါပေမဲ့ အကြမ်းဖက်သမားတော့ မဟုတ်ပါဘူး

============================================

AK 56 ရိုင်ဖယ်တွေလက်ဝယ်တွေ့ရှိမှု၊ RDX တွေရှိနေလားဆိုတဲ့ မေးခွန်းပေါင်းများစွာကြောင့် အများအမြင်မှာ အကြမ်းဖက်သမားတစ်ယောက်ဖြစ်နေတဲ့ နာမည်ကျော်မင်းသားကြီး ဆန်ဂျေ ဒတ်ဟာ ထောင်နန်းစံရတော့ပါမယ်

အဲဒီအတွက်ကြောင့် ပြည်သူတွေကိုအမှန်တိုင်း သိစေဖို့ ရည်ရွယ်ပြီးနာမည်ကျော် စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ ဝင်နီ ဒိုက်(ဇ်)ကို

သူ့ဘဝဇာတ်ကြောင်းရေးပေးဖို့ အကူညီတောင်းခဲ့ရပါတော့တယ်

ဆန်ဂျေ ဒတ်ရဲ့ ဘဝဇာတ်ကြောင်းက ဘာတွေလဲ ...

တကယ်ပဲ သူက အကြမ်းဖက်သမား တစ်ယောက် ဟုတ်မဟုတ်ဆိုတာကိုတော့ ...

============================================

နာမည်ကျော်မင်းသားကြီး ဆန်ဂျေ ဒတ်ရဲ့ ဘဝဇာတ်ကြောင်းကို မင်းသား ရန်ဘီးကပူးရ်က အကောင်းဆုံးသရုပ်ဆောင်ထားပြီးပါလေသမျှ သရုပ်ဆောင်တိုင်းက ကဏ္ဌအသီးသီးကနေ အကောင်းဆုံးပုံဖေါ်ထားနိုင်လွန်းလို့ အင်မတန်မှ ကောင်းမွန်တဲ့ Bio, Drama ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်

ဒါရိုက်တာကလည်း 3 Idiots, PK နဲ့ Munna Bhai နှစ်ကားလုံးကို ရိုက်ကူးထားတဲ့ Rajkumar Hirani ဖြစ်နေတာကြောင့် ပြောစရာမလိုလောက်အောင် ပြီးပြည့်စုံနေပါပြီ

နိုင်ငံတကာ အဆင့်သတ်မှတ်ချက်တွေ အနေနဲ့ IMDb 8.5/ 10 နဲ့ Rotten Tomatoes 50% အထိ ရရှိထားပါတယ်

 

0 comments:

Post a Comment