Puthiya Niyamam (2016)


Rating : 6.5/10
Country : India 
Genre :  Mystery, Thriller
Cast :  Nayanthara, Mammootty, Sheelu Abraham
Released Date : 2016
Duration :  2h 12min


အညွှန်း



ဒီဇာတ်ကားလေးက မှုခင်းဆန်ဆန် သဲထိတ်ရင်ဖို ပညာပေးကားလေးပါ။

အိန္ဒိယနိုင်ငံက အိမ်ထောင်ရှင်မတွေရဲ့ဘဝကိုလဲ ထင်ဟပ်စေသလို

အမြဲတမ်း ခေါင်းငုံ့ခံမနေသင့်ဘူးဆိုတဲ့ မက်ဆေ့လေးကိုလဲ ပေးသွားပါတယ်။

ဥပဒေဆိုတာကြီးနဲ့ ရှုပ်ထွေးလှတဲ့ လူ့ဘောင်ကိစ္စအဝဝကို

မကိုင်တွယ်နိုင်ဘူးဆိုတာလဲ ပြသွားပါတယ်.

ဇာတ်လမ်းကို အများကြီး ညွှန်းပြလိုက်လို့တော့ အဆင်မပြေလှပါဘူး။

ဘာလို့လဲဆိုတော့ ဒီကားက စလာကတည်းက မြုပ်ကွက်တွေနဲ့ မို့လို့ပါ။

ဒီကားထဲမှာ မင်းသားဟာ ခရစ်ယာန်ဘာသာဝင် အိမ်ထောင်ကွဲကိစ္စတွေကို ကိုင်တွယ်တဲ့ရှေ့နေတစ်ယောက်ပါ

သူ့မှာ မိန်းမ နဲ့ သမီးတစ်ယောက်ရှိပါတယ်။ သူ့မိန်းမ ကတော့ ဟိန္ဒူဘာသာဝင် ဗာဆူကီ ကခြေသည်တစ်ဦးပါ။

ဘာသာမတူတဲ့အတွက် နှစ်ဖက်မိဘ သဘောမတူလို့ သူ့တို့ဘာသူတို့ တစ်အိုးတစ်အိမ် ခွဲနေကြတဲ့ မိသားစုလေးပါ။

မင်းသားက သူ့ဇနီးကို အရမ်းချစ်ပါတယ် သူ့ဇနီး နဲ့ သူ့သမီး အတွက် တင့်တောင်တင့်တယ် ဖြစ်စေဖို့

သူဟာ ရှေ့နေအလုပ် အပြင် ရုပ်သံဌာနတစ်ခုမှာ ရုပ်ရှင်ဝေဖန်ရေးအစီအစဉ်တင်ဆက်သူ အလုပ်ပါ လုပ်ကိုင်သူပါ။

တနေကုန် ယောက်ျားဖြစ်သူက အပြင်မှာ အလုပ်လုပ် မိန်းမဖြစ်သူကတော့ အိမ်မှုကိစ္စတွေဖြေရှင်းပေါ့။

သူတို့မိသားစုလေးဟာ အမြဲတမ်း ပျော်ရွှင်နေကြတဲ့ မိသားစုလေးပါ။ ဒါပေမယ့် တနေ့မှာတော့ မိန်းမဖြစ်သူဟာ

ရုတ်တရက်ကြီး လင်ယောက်ျားအပေါ်ရော သမီးအပေါ်မှာပါ အေးစက်စက်ဆက်ဆံကာ သူစိမ်းပြင်ပြင် ဖြစ်လာပါတော့တယ်။

ဘာလို့ ဒီလိုမျိုး ဖြစ်လာတယ်ဆိုတာရယ် ပျော်ရွှင်ဖွယ်မိသားစုလေးဟာ ဘာကြောင့် ရယ်သံတွေ ခန်းခြောက်သွားတာလဲဆိုတာကိုတော့

ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုလိုက်ပါ.


 

0 comments:

Post a Comment