Samsara (2001)


 

Rating : 7.8/10
Country : China
Genre : Adventure, Drama, Romance 
Cast : Shawn Ku, Christy Chung, Neelesha Barthel
Released Date : 2001
Duration : 2h 18min

အညွှန်း
ဇာတ်ကား အမည်က မြန်မာလို ” သံသရာ” ပေါ့.. YouTube မှာ အလွန်ကျော်ကြားခဲ့တဲ့ တိဗက် ဘာသာရေးဇာတ်ကားလေးပါ.. တော်တော်များလည်း ကြည့် ဖူးကြမှာပါ..
ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတခုကိုမိတ်ဆက်ပေးပါရစေ.. ယသော်ဓရာ တဲ့…
ရှင်ဒီနာမည်ကို ကြားဖူးမှာပါ…. သိဒ္ဓတ္ထ ဂေါတမ ၊ သကျမုနိ ဗုဒ္ဓ ဒီနာမည်တွေကို လူတိုင်း သိကြတာပဲ… ဒါပေမယ့် ယသော်ဓရာကိုရော အဲလို သိကြရဲ့လား


 
ယသော်ဓရာဟာ သိဒ္ဓတ္ထကို လက်ထပ်ပြီး မြတ်မြတ်နိုးနိုးပေါင်းသင်းခဲ့တယ်
တညမှာတော့ သိဒ္ဓတ္ထဟာ သူ့နဲ့ သူ့တို့သားလေး ရာဟုလာကို သူတို့အိပ်နေတုန်းထားပြီး ထွက်သွားခဲ့တယ် သစ္စာတရားရှာဖွေဖို့ ၊ ဗုဒ္ဓဖြစ်လာဖို့ပေါ့ သူထွက်သွားတုန်းက သူ့မိန်းမကို အမှာစကားတခွန်းတောင်မပြောသွားခဲ့ဘူး..ဒါပေမယ့် ယသော်ဓရာဟာ
သူဘယ်လောက် နာကျင်ခံစားရပါစေ မေတ္တာမပျက်ခဲ့ပါဘူး..သိဒ္ဓတ္ထတောထဲမှာ ပင်ပန်းဆင်းရဲခံ မကျင့်ခင်ကတည်းက …သူမဟာ နာကျင် ပင်ပန်း ဆင်းရဲမှုတွေကို ခံစားခဲ့ရတာ


 
ယသော်ဓရာလဲ သိဒ္ဓတ္ထနဲ့ရာဟုလာကို ထားသွားချင်မှာပဲလို့ မတွေးမိကြဘူးလား
ဒါပေမယ့် သိဒ္ဓတ္ထကထားသွားတော့ သူ့မှာ အပြစ်မရှိပေမယ့် သူခံစားခဲ့ရရှာတဲ့ ဒေါသတွေ၊ အထီးကျန်မှုတွေခါးသီးတဲ့ဘဝအခြေအနေတွေကို ဘယ်သူ အသိမှတ်ပြုပေးလဲ ၊ ဘယ်သူက သူ့ခံစားမှုတွေကို စာနာပေးလဲ သားတော်ရာဟုလာလေးက နေ့တိုင်း သူ့အဖေဘယ်သွားလဲမေးတိုင်း သူဘယ်လိုဖြေပေးခဲ့ရလဲ

သူတခုခုနဲ့တော့ သူ့သားကို အဖြေပေး နှစ်သိမ့်ပေးရမှာပဲ… ဘယ်အမေက ကိုယ့်သားကို ညသန်းခေါင်အချိန်မှာ ထားခဲ့ရက်ပါ့မလဲ…ဒါကတော့ ဇာတ်ဝင်ခန်းတခု မှာပြောခဲ့တဲ့ စကားလုံးတွေပါ.. သိပ်ပြီး ကြည့်သင့်တဲ့ ဇာတ်ကားလေးပါ.. သရုပ်ဖော်မှုကောင်းလွန်းလို့ ကျနော်အမြင်မှာတော့ 16+ လို့သတ်မှတ်ထားပါတယ်..
အရွယ်မရောက်သေးတဲ့ ညီလေး ညီမလေးတို့ ကြည့်ဖို့ မသင့်ပါ..

0 comments:

Post a Comment