Prem Ratan Dhan Payo (2015)


Rating : 4.5/10
Country : India 
Genre :    Action, Drama, Musical
Cast :    Salman Khan, Sonam Kapoor, Neil Nitin Mukesh
Released Date : 2015
Duration :  2h 44min

အညွှန်း



Prem Dilwala ( Salman khan) ဟာ Ramleela ပြဇာတ်နဲ့ အသက်မွေးနေတဲ့ ရိုးရှင်းတဲ့ဘဝကိုပိုင်ဆိုင်ထားပြီး

ပျော်ပျော်နေတတ်တဲ့သူ တစ်ယောက်ပါပဲ။ သူရှာတွေ့သမျှ ငွေတွေကို မိုင်သလီမင်းသမီး (Sonam Kapoor) တည်ထောင်ထားတဲ့

ကုသိုလ်ဖြစ် အဖွဲ့အစည်းကို လှူဒါန်းတတ်ပြီး မိုင်သလီ မင်းသမီးလေးကိုလဲ အရူးအမူးစွဲလန်းနေခဲ့ပြီး တွေ့ချင်နေပါတယ်။


အဲ့ဒီလိုပဲ တစ်ဘက်မှာလဲ တော်ဝင်မင်းသား ဗီဂျေး (Salman khan)ဟာလဲ မွေးကတည်းက စည်းစိမ်းချမ်းသာ

သြဇာတွေနဲ့ပြည့်စုံခဲ့သူပါ။ သူ့ရဲ့ အရိုက်အရာကို သူ့ ညီတွေက အမြဲလုယူဖို့ ကြံစည်နေပါတယ်။


ပြဇာတ်မင်းသားလေး Prem ဟာ သူစွဲလန်းနေတဲ့ မင်းသမီးလေးကိုတွေ့ဖို့ ထွက်လာတဲ့ခရီးမှာ သူနဲ့ ရုပ်ချင်း တစ်ထေရာတည်းတူနေတဲ့

တော်ဝင်မင်းသားနဲ့သူ့ မိသားစုဝင်တွေရဲ့ နန်းလုပြိုင်ပွဲမှာ ဘယ်လိုတွေ ပတ်သက်ဖို့ဖြစ်လာမလဲ? သူတစ်ဘက်သက်စွဲလန်းခဲ့တဲ့

မင်းသမီးလေးရဲ့ အချစ်ကိုရော သူရရှိနိုင်မှာလားဆိုတာကတော့..။


Prem Ratan Dhan Payo ဟာ Maine Pyar Kiya, Hum Aapke Hain Koun..!,Hum Saath-Saath Hain တို့နောက်ပိုင်း ဒါရိုက်တာ

Sooraj R. Barjatya နဲ့ Sallu တို့ရဲ့ လေးကြိမ်မြောက်လက်တွဲမှုဖြစ်ပြီး အရင်ကားတွေလိုပဲ စံချိန်တင်ဝင်ငွေကောင်းခဲ့ပါတယ်။

နားထဲမှာစွဲနေစရာ သီချင်းကောင်းကောင်းတွေ ရှုခင်းလှလှတွေ ခမ်းနားတဲ့အပြင်အဆင်တွေနဲ့ ဒီဇာတ်ကားကို မိသားစုရုပ်ရှင်ကောင်း

တစ်ကားအဖြစ်ညွှန်းလို့ရပါတယ်။ ထွက်ရှိခဲ့တဲ့နှစ်တုန်းကလဲ အဲ့ဒီနှစ်အတွက် အဖွင့်ဝင်ငွေဇာတ်ကားအဖြစ် ပထမ Bajrangi Bhaijaan

တင်ထားတဲ့ စံချိန်ကို ချိုးဖျက်ခဲ့ပါသတဲ့။ 

 

0 comments:

Post a Comment