IMDB rating 6.6/10 ရထားတဲ့ အိန္ဒိယကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။
မိဘတိုင်းကြည့်သင့်တဲ့ ပညာပေးကားလေးပါ။ မ်ိဘတွေရဲ့အတ္တကြောင့် ကလေးငယ်လေးရဲ့ အသက်ဘေးအန္တရာယ် ရင်ဆိုင်ရပုံကို ရိုက်ကူးထားတဲ့ အိန္ဒိယကားလေးပါ။
တစ်ရက်မှာ နှစ်နှစ်အရွယ်သာ ရှိသေးတဲ့ ပီဟူးလေးအိပ်ရာကနိုးလာပါတယ်။ ဘေးကသူ့အမေကို နှိုးပါတယ်။ ဘယ်လိုမှနှိုးလို့မရဘဲ ဒဏ်ရာတွေနဲ့လဲနေတဲ့သူ့အမေရဲ့ လက်ထဲမှာတော့ ဆေးပုလင်းတစ်ဘူးထွက်ကျလာခဲ့ပါတယ်။
အိမ်မှာ ပီဟူးနဲ့သူ့အမေကလွဲပြီး ဘယ်သူ့မှမရှိပါဘူး။ သူ့အဖေက ကာလာကတ္တားကို အလုပ်ကိစ္စနဲ့ခရီး ထွက်သွားခဲ့ပါပြီ။
အမေကို ဘယ်လိုမှနှိုးလို့မရတဲ့ပီဟူးလေး တစ်ေယာက်တည်း အိမ်ထဲမှာ ကို်ယ့်ဘာသာကိုယ်ရှာဖွေစားသောက်ပြီး အန္တရာယ်ကင်းကင်းနဲ့ သူ့အဖေပြန်လာတဲ့အထိ နေနိုင်ပါ့မလား ။ ဘေးအန္တရာယ်တွေကို ရင်ဆိုင်နေရပုံကို ထိတ်လန့်ဖွယ် သနားဖွယ်ရာ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပါ။
ကလေးသရုပ်ဆောင်လေး Pihu Myra Vishuakarma ရဲ့ သရုပ်ဆောင်အရည်အချင်းပါ တွေ့မြင်ရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ။

0 comments:
Post a Comment