Budget – 50-80 crore
Box Office – 240 croreဒီဇာတ်ကားဟာ မကြာသေးမီက 2018နှစ်ကုန်ပိုင်း ဘောလိဝုဒ်နာမည်ကြီးဇာတ်ကားတို့နဲ့အတူရုံတင်ပြီး အောင်ပွဲခံခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။အိန္ဒိယနိုင်ငံ ခန်နားဒါးပြည်နယ်က မင်းသား Yash ရဲ့အရင်ထွက်ပြီးတဲ့ ဖန်စီအချစ်ကားတွေနဲ့ မတူ တမူထူးခြားနေတော့ အားပေးမှုတော်တော်လေးရခဲ့ပါတယ်။အထူးသဖြင့် ပြောစကားတွေ ထိမိပြီး ပညာရစေပါတယ်။
———————————————
ဇာတ်လမ်းအနေအထားမှာတော့ အာနန်းဆိုတဲ့ ဂျာနယ်လစ်တစ်ယောက်ရဲ့ စာအုပ်နဲ့ အစပျိုးထားပါတယ်။အဲ့ဒီစာအုပ်က ကိုလာရွှေလုပ်ကွက်နဲ့ ဆင်းရဲတဲ့ မိသားစုဖွား ရော့ကီရဲ့ ဇာတ်လမ်းပါ။ဘယ်လိုသမိုင်းမှတ်တမ်းမှ မရှိတဲ့ လူတစ်ယာက် အကြောင်း၊အထူးသဖြင့် အထက်လူကြီးတွေနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အကြောင်းအရာတွေကြောင့်တချိန်က ထုတ်ဝေခွင့်မရဘဲ အာဏာပိုင်တွေဆီ သိမ်းဆည်းမီးရှို့ခံလိုက်ရတဲ့ စာအုပ်တစ်အုပ်ပါ။ရော့ကီ.. တော်တော် ကတိတည်တဲ့အကောင်၊မိခင်သေလုမျောပါးအချိန်မှာ ပေးခဲ့တဲ့ ကတိကိုအိပ်မက်အဖြစ် အကောင်အထည်ဖော်ဖို့ဂန်းစတားတွေနဲ့ ယှဉ်ပြိုင်ပြီး သူဌေးတစ်ယောက်ဖြစ်ဖို့ လုပ်ဆောင်ခဲ့ပုံတွေပါ။“မပြောနဲ့ … အိန္ဒိယပြည်နယ်ကားတွေအတိုင်းပဲ နေမှာ”ဆိုရင်တော့ မှားပါပြီ။ဘာဖြစ်လို့လဲဆိုတော့ ပြည်သူနဲ့အတူရပ်တည်ပြီးအာဏာပိုင်တွေကို ဖီဆန်ရုံသက်သက် မဟုတ်လို့ပဲ။မိခင်ဟာ လင်မရှိဘဲ မွေးလာတဲ့ သားကို လူဆင်းရဲပေမဲ့ ဦးဏှောက် မဆင်းရဲခဲ့ဘဲ သွန်သင်ပြခဲ့တဲ့စကားတွေနဲ့ ဇာတ်လမ်းအဆုံးထိနောက်ခံစကားပြောအနေနဲ့ ထည့်သွင်းထားမှာပါ။သူ့မိခင်ဟာ ဆင်းရဲသားဘဝကို နာကြည်းခဲ့ရသူ၊သားအတွက် သတ္တိတွေ ပေးနိုင်ခဲ့တဲ့သူပါ။“ကမ႓ာပေါ်မှာ မိခင်လောက် သတ္တိရှိတဲ့စစ်သားမှ မရှိဘူး”မိခင်ပြခဲ့တဲ့ ပန်းတိုင်ကို ရောက်ဖို့ ရော့ကီဟာကိုယ်တိုင် လမ်းရှာရမယ့် ဆယ်ကျော်သက်တစ်ယောက်ပါ။“ဖိနပ်ဆိုဒ် သေးချင်သေးနေမယ်၊လှမ်းလိုက်တဲ့ ခြေလှမ်းကတော့ မငယ်စေရဘူး”သူ့နာမည်ကြီးဖို့အတွက်ဆို ရဲအရာရှိခေါင်းကိုရိုက်ခွဲရတယ်။ရဲအရာရှိခေါင်းကို ရိုက်ခွဲရတာက”သာမန်လူကို ရိုက်ရင်.. ရဲက လိုက်ရှာမယ် ရဲကို ရိုက်ရင်တော့.. ဂန်းစတားတွေက လိုက်ရှာမယ်”ဒါကို သူ သိထားတယ်။ခေတ်ပျက်မှာ မင်းမူနေတဲ့ ရွှေတွင်းပိုင်ရှင်၊ရွှေလုပ်ကွက်ထဲ အကျဉ်းကျနေရတဲ့ ခိုကိုးရာမဲ့ ပြည်သူတွေ….ဒါတွေဟာ ရော့ကီမွေးဖွားခဲ့ချိန်နဲ့အတူစတင်ဖြစ်ပေါ်လာခဲ့တာတွေပါ။ဒီလူတွေကို ကယ်တင်ပြီး ဒီရွှေတွင်းကို သူပိုင်ဖို့ဖြစ်လာခဲ့သလားပဲဗျ။ဒီလိုနဲ့ အရွယ်ရောက်တော့ကြေးစားတစ်ယောက် ဖြစ်နေပါပြီ၊သိပ်လိုချင်တဲ့ ဘုံဘေဘုရင်ဘဝ၊ ချမ်းသာကြွယ်ဝမှု၊ ဩဇာညောင်းမှု ဒါတွေရဖို့ အလုပ်တစ်ခု ရှိပါတယ်။အဲ့ဒီအလုပ်ကို… သူ လက်ခံလိုက်ရာမှာတော့ ….ဘဝတစ်ခုကို ကြုံရာဘဝနဲ့ မနေလိုဘဲရဲဝံ့စွန့်စားလိုစိတ်တွေ၊ထောင်ပေါင်းများစွာသော လူတွေကို ကိုယ့်ဘက်ပါအောင် ဆွဲဆောင်ပုံတွေနဲ့လှည့်ကွက်တွေနဲ့အတူ လှနေပါတယ်။ဪ… မေ့လို့…သတ်ဖြတ်ခန်းတွေဟာ ရက်စက်ကြမ်းကြုတ်နေတဲ့အတွက် အကြမ်းဖတ်မှုတွေကို ကလေးတွေ မကြည့်ရှုဖို့ ဆင်ခြင်ပေးစေချင်ပါတယ်။

0 comments:
Post a Comment