ဒီနေ့အတွက်တော့ အိန္ဒိယ အက်ရှင်ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက အက်ရှင်ဇာတ်ကားတွေ တစ်ကားထက်တစ်ကား အပြိုင်အဆိုင်ဖြစ်အောင် ရိုက်ပြနေတဲ့ အိန္ဒိယဇာတ်ကားတွေထဲမှာ ကြည့်လို့ကောင်းတဲ့ ကားတစ်ကား ဖြစ်ပါတယ်။ လတ်တလော ထွက်ထားတဲ့ အိန္ဒိယဇာတ်ကားတွေထဲက ကားကောင်း တစ်ကားအဖြစ်နဲ့ ရွေးချယ်ပေးလိုက်ပါ တယ်။
အိန္ဒိယရဲ့ နာမည်ကြီး မင်းသား၊ မင်းသမီးတွေဖြစ်တဲ့ ဆာအိဖ်အလီခန်းနဲ့ ထရီနာကိဖ်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ အိန္ဒိယ တပ်မတော်ရဲ့ဗိုလ် မှူးတစ်ဦးဖြစ်တဲ့ ဒန်နီယယ်ဟာ တိုက်ပွဲတစ်ပွဲမှာ မတော်တဆ သူ့တပ်သားတွေသေဆုံးခဲ့ရာကနေ သူ့ကိုရာထူးကနေပယ်ချပြီး အကျဉ်းချခံခဲ့ရပါတယ်။
ဒီနောက်မှာ သူက အိန္ဒိယ တပ်ဖွဲ့ကနေ အပြီးလမ်းခွဲပြီး တခြားနေရာတစ်ခုမှာ အခြေချနေတဲ့အချိန် အိန္ဒိယရဲ့ လုံခြုံရေးတပ်ဖွဲ့က သူ့ကိုမရမက ပြန်ခေါ်ဖို့ ကြိုးစားပါတယ်။
အဓိကကတော့ မွမ်ဘိုင်းအကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး နောက်ကွယ်ကနေ စေခိုင်းခဲ့တဲ့ ထိပ်တန်းအကြမ်းဖက်ခေါင်းဆောင်တွေကို တိတ်တဆိတ် ချေမှုန်းဖို့ တာဝန်ပေးတာဖြစ်ပါ တယ်။
ဒီအထဲမှာ နိုင်ငံပေါင်းစုံက အကြမ်းဖက် ခေါင်းဆောင်တွေ ပါဝင်ပြီးတော့ ဒီစစ်ဆင်ရေးအတွက် ဒန်နီယယ်က အစိုးရမသိအောင် လုံခြုံရေးအရာရှိနဲ့ပူးပေါင်းပြီး ချေမှုန်းရတာဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးမှာ သူတစ် ခုခုဖြစ်ခဲ့ရင် အစိုးရနဲ့ ဘာမှမဆိုင်တဲ့သဘောနဲ့ ဥပဒေပ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။
ဒီအထဲက အကြမ်းဖက်သမားတချို့ကို ကိုယ်တိုင်နောက် ယောင်ခံလိုက် သတ်လို့သတ်မှန်းမသိတဲ့ ဖြစ်စဉ်မျိုးတွေ ဖန်တီးပြီး တစ်ယောက်ပြီး တစ်ယောက်ကို လိုက်သုတ်သင်တာဖြစ်ပါတယ်။
ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းပေမယ့် အသွက်လွန်တာရယ်၊ ဇာတ်လမ်းကိုခမ်းနားအောင် တမင်လုပ်ယူဖန်တီးပြ ထားတာရယ်ကလွဲလို့ အက်ရှင်တွေ၊ ရိုက်ကူးမှုတွေ တော်တော် ကောင်းတဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ တစ်ခုပဲရှိပါတယ်။ ဇာတ်လမ်းက အခုရေးပြတာထက် ပိုရှုပ်အောင်လုပ်ထားတာမို့ အာရုံစိုက်ကြည့်ရမယ့်ဇာတ်ကားတစ်ကားလို့ပဲ ပြောချင်ပါတယ်

0 comments:
Post a Comment