Nonsense (2018)


Rating : 7.1/10
Country : India 
Genre :    Drama, Romance, Sport
Cast :     Rinosh George, Vinay Forrt, Shruti Ramachandran 
Released Date : 2018
Duration : 2h 27min



 

အညွှန်း



ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကျောင်းစာမှာ ထူးချွန်ပြီး Aခန်းမှာနေရတဲ့သူတွေ

များသလို စာမေးပွဲတွေ တစ်ဘုန်းဘုန်းကျရင်း Z အခန်းမှာပဲ ကျောက်ချနေရတဲ့

သူတွေလည်းများပါတယ်…. ဒါပေမယ့် အားကစားသမား စီးပွားရေးသမားနဲ့အခြားသော

နယ်ပယ်တွေမှာ အောင်မြင်နေတဲ့သူတွေကိုကြည့်လိုက်ရင် Z အခန်းကသူတွေကလည်း

အခြားသောသူတွေနဲ့ ရင်ဘောင်တန်းရပ်တည်နေနိုင်ကြတာကိုတွေ့ကြရမှာပါ….

တကယ်တော့ ဒီအခြေအနေတွေကိုမရောက်ခင်ထိတော့

ဒီလို Z ခန်းက သူတွေဟာ တစ်လောက်ကလုံး ဒုက္ခတွေ နင်တို့ပဲ ခံကြစမ်းဟု

ကြိမ်စာတိုက်ခံနေရသလိုပါပဲ….

ဒီကားထဲမှာလည်း ကောင်လေးတစ်ယောက်ရှိတယ်… လမ်းကြမ်းစက်ဘီးစတန့်အားကစားနည်းကို

ခုံမင်လွန်းတဲ့တစ်ယောက်……သို့ပေမယ့် ကျောင်းစာမှာညံ့လွန်းတော့ မစ္စတာပေါက်ကရကောင်လို့တောင်

ခေါ်ခံရတဲ့သူပေါ့…. စာသင်ခန်းရဲ့ အချိန်တိုင်းလိုလိုမှာ အံမဝင်လွန်းတော့ ခွေးမောင်းသလို မောင်းထုတ်ခံရတဲ့

ထိတောင် ပေါက်ကရကောင်ဖြစ်ခဲ့တယ်….

ဒါပေမယ့်လည်း သူဟာ စက်ဘီးလေးစီးရင်း စတန့်တွေကြိုးစားလုပ်ရင်းနဲ့ ပေါက်ကရကောင်ဆိုတဲ့

နာမည်ဆိုးကိုလိုက်ခေါ်နေတဲ့သူတွေကို ခပ်ပြုံးပြုံးပြန်ကြည့်ဖို့ကြိုးစားနေလေရဲ့….

ဒီလိုကောင်လေးဟာ ဘယ်လိုတွေဆက်ဖြစ်မလဲ….

သူဘဝအတွက် ဘယ်လိုဆက်ရပ်တည်မလဲ….

အားလုံးအမြင်မှာ အသုံးမကျတဲ့ပေါက်ကရကောင်လေးဟာ

တစ်ချိန်မှာ အမြင်တွေပြောင်းသွားစေနိုင်မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့….

ကုလားကားကောင်းကြိုက်သူတို့အဖို့ ဒီကားကိုလက်မလွှတ်စေချင်ပါဘူး….

IMDb လည်း အကောင်းဆုံးအနေအထားမှာရှိသလို ကြည်နူးဖွယ် ချစ်သူပုံရိပ်တွေပါလေတဲ့အတွက် ခံစားကြည့်ရှုသင့်ပါကြောင်း သတင်းကောင်းပါးပါရစေ…


 

0 comments:

Post a Comment