အိန္ဒိယတောင်ပိုင်းကား ပရိတ်သတ်တို ့ရေ….
ဒီတစ်ခေါက် ပရိတ်သတ်ကြီးအတွက်
ရွေးထုတ်တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားက
မြန်မာပြည်မှာ တာတေကြီးရယ်လို ့နာမည်ကြီးခဲ့တဲ့
Kanchana ဇာတ်ကားတွေရဲ ့ သုံးကားမြောက်ကားဖြစ်တဲ့
Kanchana 3 ပါတဲ့ ခင်ဗျာ ။
ဒီကားဟာ အရှေ ့မှာ 1 2 ထွက်ခဲ့ပြီး အောင်မြင်မှုတွေ ရခဲ့တဲ့ကားမို ့ သုံ
းကားမြောက်အဖြစ် ရိုက်ထားတဲ့ ကားပါ။
ဒီဇာတ်ကားမှာလည်း Kanchana ကားတွေမှာ
ပုံမှန်မြင်တွေ ့နေကျဇာတ်ကောင်ဖြစ်တဲ့
သရဲဆိုရင် ကြောက်ဒူးတုန်တတ်တဲ့ ရာဂဗားရယ်။
မတရားအသတ်ခံခဲ့ရတဲ့ ကာလီဆိုသူ
မိဘမဲ့ဂေဟာ ပိုင်ရှင်နဲ ့သူ ့ချစ်သူ ရိုစီတို ့ရယ် ။
ရာဂဗားတို ့မိသားစုရယ်နဲ ့ ဇာတ်လမ်းကို ရိုက်ပြထားတာပါ ။
အဖိုးနဲ ့အဖွားရဲ ့ နှစ်၆ဝပြည့် မင်္ဂလာနှစ်ပတ်လည်ကို သွားရင်း လမ်းမှာ ဝင်နားမိတဲ့
သစ်ပင်ကနေ နာနာဘာဝတွေကြောင့် ပူးကပ်ပါလာရာက စလို ့…
ရာဂဗားတို ့မိသားစုကို နာနာဘာဝတွေက ခြောက်လှန် ့ပုံ ၊
ဒီမကောင်းဆိုးဝါးအမှောင်လောကသားတွေကို
မောင်းထုတ်ဖို ့ကြိုးစားပုံတွေအပြင် . . .
မိမိတည်ထောင်ထားတဲ့ မိဘမဲ့ဂေဟာ
မီးရှို ့ဖျက်ဆီးခံရပြီး ၊ မိမိရဲ ့ အပေါင်းအသင်းမိတ်ဆွေတွေ ၊
မိမိရဲ ့သွေးသားလိုဖြစ်နေတဲ့ မိဘမဲ့ကလေးတွေကို
ထိပါးလာလို ့ ပြန်လက်စားချေတဲ့
ကာလီဆိုတဲ့ လူတစ်ယောက်အကြောင်းကို တွေ ့မြင်ရမှာဖြစ်ပါတယ် ။
သရဲကားဆိုတာထက် အကြမ်းပတမ်းတွေ ထိုးတဲ့ကြိတ်တဲ့
အက်ရှင်ခန်းတွေပါတဲ့ ကြည့်ပျော်ရှုပျော်ရှိလှတဲ့ ဇာတ်ကားတစ်ကားပါပဲ။
အိုဗာအက်ရှင်တွေကို မျှော်လင့်ထားတယ်ဆိုမှသာ
ဒီကားကို ကြည့်ပါ။
တမီးလ်နာဒူးပြည်နယ်အကြိုက် ရိုက်ထားရတဲ့
အိန္ဒိယတောင်ပိုင်းကား စစ်စစ်မို ့၊ တောင်ပိုင်းပရိတ်သတ်တွေကတော့
လက်ခုပ်လက်ဝါးတီးပြီး အားပေးကြဦးမှာအမှန်ပါပဲ၊။

0 comments:
Post a Comment