Namaste England (2018)



Rating : 2.2/10
Country : India 
Genre : Comedy, Drama, Romance 
Cast :   Parineeti Chopra, Satish Kaushik, Arjun Kapoor
Released Date : 2018
Duration :  2h 21min 


အညွှန်း

ချစ်သူနဲ့ဝေးနေသူတိုင်း ဒီကားလေးကိုကြည့်မယ်ဆိုရင် မျက်ရည်ခိုင်မှ ကြည့်ကြပါလို့ အထူးမေတ္တာရပ်ခံပါရစေခင်ဗျာ။

ဒီကားလေးထဲကို ကြည့်ရင်း လူကြီးမင်းအနေနဲ့ ခွဲခွာနေရတဲ့ချစ်သူကို သတိရမိသွားမယ်ဆိုတာ ကျုပ်ရဲရကြီး အာမခံတယ်ဗျာ။

ပန်ဂျပ်မှာ ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ပွဲတော်မှာတွေ့ပြီး မြင်မြင်ချင်းချစ်သွားတယ်။ ကောင်မလေးကလည်း သူ့ကိုဖွင့်ပြောအောင် အထာတွေဘာတွေ ပေးတာပေါ့ဗျာ။ သူတို့ချစ်သူဖြစ်သွားပြီးတော့ ကောင်မလေးက ကောင်လေးကိုပြောတယ်။ သူ့မှာ ဒီဇိုင်နာဖြစ်ချင်တဲ့ အိပ်မက်တစ်ခုရှိတယ်။ ဒီအိပ်မက်ကို ရှေးရိုးစွဲဖြစ်တဲ့ သူ့အဘ်ုိးနဲ့အစ်ကိုက သူ့ကိုခွင့်မပြုဘူး။ သူတကယ်လို့ လက်ထပ်ပြီးသွားရင် အဲ့ဒီဆန္ဒကို ဖြည့်ဆည်းပေးရမယ်လို့ ကောင်လေးကိုပြောတယ်။ ကောင်လေးကလည်း သဘောတူပြီး ခက်ခက်ခဲခဲနဲ့ လူကြီးဝင်လိုက်တာ ကောင်မလေးအဘိုးက သဘောတူပေမယ့် ကတိတစ်ခုတောင်းလိုက်တယ်။ သူ့မြေးကိုအလုပ် မလုပ်ခိုင်းပါနဲ့တဲ့။

ကောင်လေးက ဗီဇာရုံးကအရာရှိတစ်ယောက်နဲ့ သူ့မင်္ဂလာပွဲမှာ အချေအတင်ဖြစ်ပြီး အရာရှိက သူတို့ကိုဘယ်နိုင်ငံမှ သွားမရအောင် လုပ်ပစ်မယ်လို့ ကြိမ်းဝါးခဲ့တယ်။ ကောင်မလေးကလည်း ဒီဇိုင်နာပညာနဲ့ ယူကေမှာအလုပ်လုပ်ချင်တော့ ပတ်စ်ပို့ရုံးက လူက ယူကေကလူတစ်ယောက်နဲ့ လက်ထပ်မှ သွားရမယ်လို့ ပြောတဲ့အခါ….

သူတို့ ချစ်သူမောင်နှံနှစ်ယောက် ဘာဆက်လုပ်ကြမလဲ?

ကောင်မလေးက ယူကေကို ဘယ်လိုရောက်အောင် သွားမလဲ?

ပရိသတ်ကြီးရဲ့ ချစ်သူကို ရင်ထဲပေါ်လာအောင် ဘယ်လိုအထာတွေနဲ့ ပြုစားသွားမလဲဆိုတာကတော့ ဆက်လက်ကြည့်ရှု အားပေးကြပါဦးဗျာ 

0 comments:

Post a Comment