ဗြိတိန်ကဗျာဆရာကြီး ဂျွန်မီလ်တန်က ပြောဖူးတယ်။ မိန်းကလေးတစ်ယောက်ကို စချစ်မိရင် “နိဗ္ဗာန်”ပဲ။ မိန်းကလေးတစ်ယောက်နဲ ့ ချစ်သူဖြစ်သွားပြီဆိုရင်တော့ “နိဗ္ဗာန် ပျောက်ဆုံးသွားပြီ”တဲ့။ ဂျွန်မီလ်တန်မှ မဟုတ်ပါဘူး။ အချစ်ကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့သူတွေဆိုတာ ဟိုးအရင်ကလည်း ရှိခဲ့တယ် ၊ အခုလည်း ရှိနေတယ် ၊ နောင်လည်း ရှိနေဦးမှာပဲ မလား. ? တစ်စုံတစ်ယောက် . . . ကိုယ့်သူငယ်ချင်းရဲ ့ ချစ်သူဖြစ်ခဲ့ဖူးတဲ့ တစ်စုံတစ်ယောက်က သင့်ကိုလာပြီးတော့ ချစ်ရေးဆိုမယ်ဆိုရင်….
အဲ့ဒီလူကို သင့်ဘက်က ချစ်နေရင်တောင် သူငယ်ချင်းကို ငဲ့ကွက်ပြီး ငြင်းပယ်မှာလား . . .? ဒါမှမဟုတ် သင့်နှလုံးသား အလိုအတိုင်း အဲ့ဒီလူကို ပြန်ချစ်လိုက်မှာလား ? အရှုပ်အထွေးတွေကြားမှာ နေပျော်တတ်ကြတဲ့ ကျွန်တော်တို ့ပုထုဇဉ်တွေကြားမှာ ဒီလိုမျိုး လွန်ဆွဲမှုတွေနဲ ့ မကြာမကြာဆိုသလို ကြုံတွေ ့ရတတ်ပါတယ် ။ ဒီဇာတ်ကားမှာတော့ စော်ကြည်ဘဲကြီး ဟစ်ပီနဲ ့ ဆိုင်ကယ်ခရေစီဖြစ်တဲ့ ကောင်မလေး အမ်မူဒါတို ့ကြားက အချစ်ရေးကိစ္စကို အဓိက ဇာတ်အိမ်တည်ပြီးရိုက်ပြထားတာကို မြင်တွေ ့ရမှာ ဖြစ်ပါတယ် ။ ခေါင်းဆောင်အဖြစ်နဲ ့ပါဝင်သရုပ်ဆောင်ထားသူက RX 100 ဇာတ်ကားနဲ ့ပရိတ်သတ်ရင်ထဲကို ရောက်ခဲ့ဖူးသူ တေလဂူမင်းသားချော Kartikeya Reddy Gummakonda ဖြစ်ပြီး မင်းသမီးကလည်း Jalebi ဇာတ်ကားထဲမှာ အာနူးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော Digangana Suryavanshi ဖြစ်ပါတယ်။ တေလဂူ အချစ်ကားလေးတွေကို ကြိုက်တတ်တဲ့ ပရိတ်သတ်အတွက် ကျေနပ်စရာ ဇာတ်ကားလေး တစ်ကားပါပဲ ။ အိုဗာအက်ရှင် တစ်ခန်းနှစ်ခန်းကို နားလည်ပေးပြီး ခံစားမယ်ဆိုရင်တော့ ပရိတ်သတ်အားလုံးအတွက် ကြည့်ပျော်ရှုပျော်ရှိလှတဲ့ ဇာတ်ကားတစ်ကားဖြစ်လာမှာပါ။

0 comments:
Post a Comment