Naa Peru Surya Naa Illu India (2018)


Rating : 6.8/10
Country : India 
Genre :  Action, Drama
Cast :   Rajinikanth, Anushka Shetty, Sonakshi Sinha
Released Date : 2018
Duration :   2h 43min

အညွှန်း



ဆူရာ့ ဟာ ရှေ့တန်း စစ်တပ် တစ်ခုရဲ့ အတော်ဆုံး စစ်သား တစ်ယောက်ပါ

အတော်ဆုံးဖြစ်ပေမဲ့ သူဟာ ဒေါသ အင်မတန်ကြီးသူဖြစ်ပြီး မဟုတ်မခံစိတ်ရှိသူ

တဇောက်ကန်း လုပ်သူ အထက်အရာရှိများကို မမာမခန့်လုပ်သူ စသဖြင့်အကြောင်းမျိုးစုံကြောင့် ရာထူးမတိုးသူ တစ်ယောက်ပေါ့

ဆူရာ့ဟာ နိုင်ငံချစ်စိတ် လူမျိုးချစ်စိတ် ပြင်းထန်သူတစ်ယောက်ပါ

အကြမ်းဖက်သမားများကို မုန်းတီးသူ တစ်ယောက်ဖြစ်ပြီး အရှင်ဖမ်းရဖို့ထက်

အသေပစ်သတ်ဖို့သာ စိတ်ရှိသူဖြစ်သောကြောင့်

တက်နိုင်သ၍ အရာရှိများက ဆူရာ့ အား ရှေ့တန်း မပို့ပဲ နောက်တန်းတွင်သာ နေစေခဲ့ပါတယ်…

ဆူရာ့ဟာ မိမိ နိုင်ငံအတွင်းနေထိုင်တဲ့ ဘာသာ လူမျိုးမဆို

နိုင်ငံချစ်စိတ် ရှိသူတိုင်းကို သနားညှာတာပြီး ရပ်တည်တက်သူ

ဖြစ်ပါတယ် အသားအရောင် မခွဲခြား လူမျိုး မခွဲခြားမတရားမှုကိုသာ ခွဲခြားပြီး လက်ပိုက်မကြည့်တက်သူပါ

ကြီးနိုင်ငယ်ညှင်းမှုများ ၀င်၀င်ပါလွန်းလို့ စစ်တပ်ရဲ့

ထုချေလွှာမှာ ဆူရာ့ နာမည်တွေပဲ ဖိုင်တစ်ထပ်လောက်ရှိနေတက်ပါတယ်…

တစ်ရက်သော အခါ ဆူရာ့ တစ်ယောက် ရှေ့တန်းစစ်မြေပြင်

နယ်စပ်ကို သွားချင်လွန်းတဲ့အတွက် အရာရှိများကို ပူဆာရာ

အရာရှိများက ဆူရာ့ ဒေါသ မထိန်းနိုင်လျင် ကမ္ဘာစစ်ကိုအစပျိုးသလို ဖြစ်မည်ဆိုးသောကြောင့် India နိုင်ငံ၏

အတော်ဆုံးသော စိတ်ပညာရှင်ဆရာ၀န်ထံမှ လက်မှတ်ရမှသာနယ်စပ်သို့ လွှတ်မည်ဟု ပြောလာပါသည်

ဆူရာ့ လက်မှတ်ယူရမယ့် စိတ်ပညာရှင်မှာဆူရာ့ အဖေ ဖြစ်နေသည့် အတွက် ကျားမှီးသာ

ပြေးဆွဲလိုက်ချင်သည့် ဆူရာ့ အဖြစ်က ဘယ်လိုဖြစ်မလဲလက်မှတ်ရမှာလား နယ်စပ်ကိုမသွားရဘူးလား ဆိုတာတော့ဆက်လက်ကြည့်ရှုလိုက်ကြပါ…


 

0 comments:

Post a Comment