Indiaက Shimlaဆိုတဲ့ တောမြို့လေးတစ်မြို့က Beniဆိုတဲ့ Music Teacherတစ်ယောက်ဟာ မွန်ဘိုင်းကို သွားပြီတော့ အောင်မြင်တဲ့ “ဇာတ်ကားနောက်ခံ အဆိုတော်(Playback Singer)”ဖြစ်ချင်တာပါ………
ဒါပေမယ့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ဘဲ ဒီတောမြို့လေးမှာပဲ သောင်တင်နေပြီး သီချင်းသင်လိုက်, ကလပ်တွေမှာ လိုက်ဆိုလိုက်နဲ့ သူ့ဘဝကို အလိုမကျစွာ ဖြတ်သန်းနေတာပါ…..
အခုBollywoodအဆိုတော်တစ်ယောက် အရင်ကသူ့တပည့်ဟောင်းဖြစ်ခဲ့တဲ့ Jyotsna(ဂျိုစနာ)ဟာ ၈နှစ်ကြာပြီးမှ ဒီမြို့ကိုပြန်လာတဲ့အခါ Beniရဲ့ အတိတ်ဟောင်းတွေ ပြန်ပေါ်လာခဲ့ပါတယ်…
Beniနဲ့ Jyostna ကြားမှာ ဘာတွေဖြစ်ခဲ့ကြတာလဲ? ဘယ်လိုနာကျင်စရာ အတိတ်တွေရှိခဲ့ကြသလဲ?ဆိုတာ….
ကြည်နူးစရာတွေ နာကျင်စရာလေးတွေကို ကြည့်ရှုခံစားရမယ့် Netflixက Indian Movie လေးပါ

0 comments:
Post a Comment