Rating : 4.4/10
Country : United State
Genre : Drama, Thriller
Cast : Khali Addair, Ken Arnold, Mackenzie Astin
Released Date : 2018
Duration : 1h 23min
Country : United State
Genre : Drama, Thriller
Cast : Khali Addair, Ken Arnold, Mackenzie Astin
Released Date : 2018
Duration : 1h 23min
အညွှန်း
ဒီကားလေးက 2018 လို့ နာမည်တပ်ထားပေမယ့် 27 October 2020 မှာထွက်ခဲ့တဲ့ကားလေးပါ။
ကမ္ဘာပျက်မယ့်အချိန်ဘယ်အချိန်ဖြစ်မယ်ကို ဘာသာရေးအရဟောပြောချက်တွေအမျိုးမျိုးရှိပါတယ်။
ဘစ်ရှော့ပ်လို့ခေါ်တဲ့ဘာသာရေးကိုင်းရှိုင်းပြီးရှေးရိုးစွဲတဲ့ခရစ်ယာန်မြို့ငယ်လေးမှာတော့နီးကပ်လာတဲ့ကမ္ဘာပျက်ကိန်းအကြောင်းဟောပြောလျက်ရှိပါတယ်။ ခရစ်ယာန်ဘာသာဝင်များအနေနဲ့ဘုရားသခင်ကိုယုံကြည်သက်ဝင်ပြီးလမ်းစဉ်များကိုလိုက်နာသူများသာကောင်းကင်ဘုံသို့ခေါ်ဆောင်ကယ်တင်ခြင်းခံရမှာဖြစ်တယ် ဆိုတဲ့ စကားဝိုင်းတွေဟာလည်းတီဗွီအစီအစဉ်တွေကြားနာမည်ကြီးလျက်ပေါ့။ ရေချယ်၊ ဂျက်ဆာနဲ့ဘဲလ်ဆိုတဲ့ ညီအစ်မသုံးယောက်ဟာအမေဆုံးသွားပြီးတဲ့နောက် ဘုရားသခင်ကိုအလွန်ကြောက်ရွံ့ယုံကြည်နေတဲ့ အဖေဖြစ်သူနဲ့ခက်ခက်ခဲခဲနေထိုင်နေရပါတယ် အဖေဖြစ်သူရစ်ခ်ဟာကောင်းကင်ဘုံမှာဇနီးနဲ့ပြန်တွေ့နိုင်ရန်အတွက်ကြားရသမျှလမ်းစဉ်တွေလိုက်ကာ သားသမီးများကိုနှိပ်စက်မိလုနီးပါးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်အားလုံးပြောနေကြတဲ့ ကမ္ဘာပျက်မယ့်စက်တင်ဘာ၂၉ရက်နေ့မှာတော့ အမှန်တကယ်ပဲ ကမ္ဘာပျက်ချိန်ညသန်းခေါင်မှာကပ်ဆိုးများဖြစ်ပွားပြီးဘုရားသခင်ရဲ့သန့်စင်ခြင်းအစီအရင်ဖြစ်ပွားမှာလားဆိုတာ ဒီကားလေးထဲမှာဆက်လက်ကြည့်ရှုအားပေးပါဦး။

0 comments:
Post a Comment