Maryada Ramanna (2010)


 

Rating : 7.4/10
Country : India
Genre : Action, Comedy, Drama
Cast : Suneel, Saloni Aswani, Nagineedu 
Released Date : 2010
Duration : 2h 5min

အညွှန်း
ဒါရိုက်တာ S.S.Rajamouli ဆိုတာ တောင်ပိုင်းရုပ်ရှင်လောကထဲကို စဝင်ပါပြီဆိုကတည်းက ကားရိုက်ခပ်ကျဲကျဲနဲ့ အကောင်းဆုံးဖြစ်အောင်
ပုံဖော်ရိုက်ကူးတတ်တဲ့ ဒါရိုက်တာတစ်ယောက်ပါ။
Eega(ယင်ကောင်ကလဲ့စား),Magadheera (နှစ်ဘဝကလဲ့စား) တို့လို ဇာတ်ကားတွေနဲ့
မြန်မာပရိတ်သတ်ကို ဖမ်းစားနိုင်ခဲ့ရုံမက Baahubali 1+2 တို့လို
လက်ရာကောင်းပြီး ကမ္ဘာကျော်ခဲ့တဲ့ ဇာတ်ကားတွေကိုပါ ဖန်တီးမှုလက်ရာကောင်းမွန်စွာနဲ့ ကမ္ဘာကို ချပြခဲ့သူပါ။

ကိုင်း ဒီလောက်ဆိုရင် မင်းသားလည်း မပါ ၊ မင်းသမီးကလည်း နာမည်မကြီးတဲ့ မင်းသမီးပဲ ပါတဲ့
ဒီဇာတ်ကားကို ဘာ့ကြောင့်တင်ဆက်ပေးလဲဆိုတဲ့အဖြေကို သိလောက်ပါပြီ။ဒီဇာတ်ကားထဲမှာ မင်းသားထက် ၊ ဟာသသရုပ်ဆောင် ဇာတ်ပို့ဇာတ်ရံအနေနဲ့သာ Telugu ပရိတ်သတ်တွေကြားမှာအမှတ်ရနေကြတဲ့ Sunil ကို Leading Role ထားပြီး ရိုက်ထားတာ….S.S.Rajamouli ရိုက်တဲ့ကားဆိုတော့ Sunil အတွက်မှတ်တိုင်တစ်ခု ဖြစ်စေခဲ့သလို စီးပွားရေးအရလည်း အောင်မြင်ခဲ့ပြီး ၊ ဘာသာစကားငါးမျိုးနဲ့ ပြန်ရိုက်ခဲ့ကြသေးတယ်။
Tamil Version နဲ့ Ajay Devgn,Sanjay Dutt တို့ ရိုက်ထားတဲ့ Hindi Version ကို ကြည့်ပြီးပါပြီ။ကျွန်တော်ကြည့်ရလောက်တော့ တမီးလ်ဇာတ်ကားက မူရင်းကို လုံးဝ မမီသလို ဟင်ဒီဇာတ်ကားကကွဲထွက်ပြီး မူရင်းလောက် ကြည့်လို့ မကောင်းပါဘူး။

0 comments:

Post a Comment