Legionnaire (1998)


Rating : 5.5/10
Country : United state
Genre : Action, Adventure, Drama 
Cast :  Jean-Claude Van Damme, Adewale Akinnuoye-Agbaje, Steven Berkoff
Released Date : 1998
Duration :  1h 39min 

အညွှန်း

ဂျင်ကလော့ဒ်ဗန်ဒမ်းရဲ့ဇာတ်ကားကောင်းတွေထဲကတစ်ကားဖြစ်တဲ့ “Legionnaire”ဇာတ်ကားဟာ ၁၉၉၈ခုနှစ်မှာထွက်ရှိခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အလန် လာဖဲ(ဗ်)ယာ(ဗန်ဒမ်း)ဆိုတာ ပြင်သစ်နိုင်ငံ မာဆေးလ်မြို့က လက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့ သူ့သူငယ်ချင်းစီစဉ်ထားတဲ့လက်ဝှေ့ပွဲကိုထိုးသတ်ဖို့ရောက်ရှိလာပါတယ်။လက်ဝှေ့ပွဲမထိုးသတ်ခင် လူဆိုးခေါင်းဆောင် လူစီယန်ဂါလ်ဂါနီမှ သူ့အားတွေ့ဆုံပြီး ပွဲရဲ့ဒုတိယအချီမှာအရှုံးပေးဖို့တောင်းဆိုတာကိုလက်ခံခဲ့ပါတယ်။တစ်ကယ်တမ်း ပွဲထိုးတဲ့အခါ သူနဲ့သဘောတူထားတာကိုဖျက်ပြီး ပြိုင်ဘက်ကိုအလဲထိုးအနိုင်ယူခဲ့ပါတယ်။ထို့ကြောင့် ဂါလ်ဂါနီရဲ့ရန်ငြိုးထားမှုကိုခံရပြီးလိုက်လံဖမ်းဆီးခြင်းကိုကြုံတွေ့နေရတဲ့မလူးသာမလွန့်သာအခြေအနေကြောင့် ပြင်သစ်နိုင်ငံခြားသားတပ်ထဲဝင်ရောက်ခဲ့ပါတယ်။တပ်ထဲမှာ သူ,ဘယ်လိုအခက်အခဲတွေ ဘေးအန္တရာယ်တွေနဲ့ကြုံတွေ့ရမလဲ ရန်သူတပ်တွေကိုကောဘယ်လိုခုခံကာကွယ်မလဲဆိုတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုတော့ ဒီဇာတ်ကားကိုကြည့်ရှုရင်းအဖြေရှာကြပါလို့သတင်းကောင်းပါးလိုက်ရပါတယ်။

 

0 comments:

Post a Comment