၂၀၁၉ ခုနှစ် ဘောလီဝုဒ် Box Office မှာ အောင်ပွဲခံသွားခဲ့တဲ့
Kabir Singh အကြည်ထွက်လာလို့ အမြန်ဆုံးပဲတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းကတော့ အိန္ဒိယကားတွေနဲ့မစိမ်းတဲ့လူတိုင်းလိုလိုသိပြီးသားပါပဲ၂၀၁၇ မှာ နာမည်ကြီးအောင်မြင်ခဲ့တဲ့ Telugu ဇာတ်ကား Arjun Reddy ရဲ့Remake ဖြစ်ပါတယ်
အဲ့ဒိတော့ Arjun Redddy မကြည့်ရသေးသူတွေအတွက်ဇာတ်လမ်းလေးနည်းနည်းလောက်ပြောပြပါမယ်ဒေါက်တာ ကဗီး(ရ်) ရာဂျ်ဒီးဆင့်ဟာ ဒေလီဆေးသိပ္ပံရဲ့ဘက်စုံထူးချွန်တဲ့ အလုပ်သင်ဆရာဝန်ဆိုးလေးပေါ့
နေရာတကာလည်း ဒေါသကြီးသလု်ိ ထင့်ကနဲ့ဆို လက်ပါမယ်ဆိုတာချည်းဒါပေမဲ့ တစ်ခုတည်းသော သူ့အားနည်းချက်ကတော့ပရီသီးဆိုတဲ့ကောင်မလေးပါပဲ“သဘာဝတရားတွေ ဖွံ့ဖြိုးတိုးတက်နေတဲ့လောကကြီးထဲမှာ ငါတို့နေထိုင်ကြတယ်
အဲ့ဒိထဲမှာ ငါသဘောပေါက် နားလည်လာတာတစ်ခုကတော့
ငါတို့တစ်ခုခုဖြစ်ခဲ့ရင် အထိခိုက်နာကျင်ရဆုံးလူတစ်ယောက်ရှိတယ်
ငါ့အတွက်ကတော့ ဒီကောင်မလေးပဲသူသာတစ်ခုခုဖြစ်ရင် အခံစားရဆုံးဖြစ်မယ့်သူက ငါပဲအဲ့ဒိတော့ သူ့ကို ထိခိုက်အောင်မလုပ်ကြပါနဲ့”အဲ့ဒိလို အသည်းသန်ချစ်ရတဲ့ ပရီသီးနဲ့ ကဗီး(ရ်)ဟာ မထင်မှတ်ထားဘဲ
ကွဲကွာသွားတဲ့အခါမှာတော့….

0 comments:
Post a Comment