Listen... Amaya (2013)


Rating :6.7/10
Country : India 
Genre :  Drama
Cast :   Farooq Shaikh, Deepti Naval, Swara Bhaskar 
Released Date : 2013
Duration : 1h 48min 

အညွှန်း

2013 ခုနှစ်ကထွက်ရှိထားတဲ့ ဘောလိဝု မိသားစုကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ကားလေးနာမည်က Listen Amaya(2013)တဲ့။IMDb rating 6.9 ရထားပြီးတော့ ဒရာမာ ဇာတ်ကားလေးတွေ ကိုကြိုက်နှစ်သက်သူတွေအကြိုက်တွေ့မယ့်ကားလေးပါ  

ဒီကားလေးထဲမှာတော့ ဘဝမှာ ကြုံတွေ့ရမယ့် လောကဓံတွေအကွေ့အပြောင်းတွေကို မြူးမြူးကြွကြွလေးနဲ့ တင်ဆက်ပေးထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့၂၂နှစ်အရွယ် လွတ်လပ်တက်ကြွတဲ့ကောင်မလေးAmayaရယ်သူမရဲ ့အမေမုဆိုးမLeelaတို့ဟာ အေးအေးချမ်းချမ်း ကော်ဖီဆိုင်လေးဖွင့်ကာဘဝကိုဖြတ်သန်းနေတဲ့သားအမိနှစ်ယောက်ပါ။တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ကြတဲ့ဒီသံယောဇဉ်အဝန်းအဝိုင်းလေးထဲကို တစ်နေ့တော့ Jayant Sinhaဆိုတဲ့အငြိမ်းစားဓာတ်ပုံဆရာတစ်ယောက်ဝင်လာခဲ့ပါတယ်။

အဲ့ဒီကနေ ဇာတ်လမ်းအလှည့်အပြောင်းတွေဘယ်လိုဖြစ်တယ် ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာစိတ်ဝင်စားစရာပါ။အိန္ဒိယရုပ်ရှင်ဝေဖန်ရေးသမားတွေကတောလ ဒီကားလေးဟာချစ်ခြင်းမေတ္တာတရားအကြောင်း ၊ အဓိကနဲ့ သာမညတွေအကြောင်းကိုရွှင်ရွှင်မြူးမြူး ခေတ်မှီမှီအမြင်နဲ့ ပြသထားတဲ့ကားကောင်းလေးလို့ဆိုပါတယ်။ဟုတ်မဟုတ်ကိုတော့ ဒီကားလေးထဲမှာပဲ ဆက်လက်ရှုစားကြည့်ပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်။


0 comments:

Post a Comment