ဒီရုပ်ရှင်ကား ဟာ အိန္ဒိယ နိုင်ငံရဲ့လူမျိုးရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ဘခရိုထခရေး ရဲ့ ဘဝဇတ်ကြောင်းပဲ ဖြစ်ပါတယ်။ထခရေး ဟာ မဟာရက်ချ်တာ လူမျိုး ဖြစ်ပြီးနိုင်ငံရေး သမားတွေ ရဲ့ လူလည်ကျမှုတွေဘာသာရေး သမားတွေ ရဲ့ အမြတ်ထုတ်မှုတွေကိုသူတက်နိုင်တဲ့ ကာတွန်းတွေ ရေးဆွဲပြီး သတင်းစာတိုက်ကနေတိုက်ခိုက်နေသူပဲ ဖြစ်ပါတယ်…
ဒါပေမဲ့ သတင်းစာတိုက် ပိုင်ရှင် နဲ့ ပြသနာဖြစ်ပြီးကာတွန်းဆရာ အလုပ်ကနေ ထခရေး ထွက်ခဲ့ရတယ်ဒီတစ်လျှောက်မှာ နိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင် (ခိုးဝင်)အလုပ်လုပ်သူတွေ ရဲ့ ဗိုလ်ကျမှုတွေ ခံလာရတဲ့မြို့သူ မြို့သားတွေ အတွက် ရပ်တည်ပေးဖို့အကြောင်းဖန်လာပါတယ်…မရှိမဲ့ ရှိမဲ့ ပိုက်ဆံလေးတွေ ပေါင်း အပြင်ကနေ ပိုက်ဆံချေးပြီးနိုင်ငံရေး သတင်းဂျာနယ်တိုက် စတင် တည်ထောင်ခဲ့ပြီး…တစ်ဖြေးဖြေး နဲ့ ခြေလှမ်းသွတ်လာကာ နိုင်ငံရေးခေါင်းဆောင်တစ်ဦးအဖြစ်သို့ လှမ်းပါတော့တယ်…
ထခရေး ဟာ အမှန်တရားဘက်တော်သားလို့လဲ ပုံသေချီးကျူးလို့မရပြန်ပါဘူး သူ့စိတ်ထဲ မှန်တာထင်ရင် သတ်လဲ သတ်တယ်ရိုက်လဲရိုက်မယ် ဘာမဆို လုပ်ဖို့ အဆင်သင့်ဖြစ်နေသူပါ…ပြောရရင် အစွန်းရောက် မျိုးချစ်ပုံစံမျိုးလဲ သူ့ဆီမှာ တွေ့ရသလိုဘာသာခြားတွေကို သနားကြင်နာမှု လဲ သူ့ဆီမှာတွေ့ရတယ်မှန်းဆရ ခက်ပေမဲ့ သူကတော့ အမျိုးဘာသာ ာသနာအတွက်နိုင်ငံတော် အစိုးရ နဲ့ အာဏာရှင်တွေကို လုံးဝ မကြောက်ရွံ့ခဲ့သူပါနိုင်ငံတော်ဆူပူမှု ဖြစ်အောင် မီးမွှေးနိုင်သူ ဖြစ်သလိုနိုင်ငံတော် ငြိမ်ဝပ်ပိပြားအောင် ပြန်ထိန်းနိုင်သူလဲ ဖြစ်ပြန်တယ်ထခရေး က မျိုးချစ်နိုင်ငံရေး ခေါင်းဆောင် ဖြစ်ပေမဲ့တိုင်းပြည်ရဲ့ အာဏာရှင် စနစ်ကို အတော်ကြီး လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့သူပါပဲ….
ဇတ်လမ်းတစ်ခုလုံးမှာ သီချင်းဆိုပြီး အားအားယားယားခုန်ပေါက်ကနေတာမျိုး မပါတဲ့ အတွက် ကြည့်ရတာပိုကောင်းနေသလိုပါပဲ…နိုင်ငံရေး လှည့်ကွက်တွေ မျိုးချစ် နဲ့ ဘာသာရေးပြသနာတွေက အသက်မရှုရဲလောက်အောင်ဇတ်လမ်းရဲ့ အစကနေ အဆုံးထိ ဆွဲခေါ်သွားမှာပါ

0 comments:
Post a Comment