ဂျီယာဆိုတာ 1980လောက်မှာ သိပ်လှတဲ့ ဖက်ရှင်မော်ဒယ်တစ်ယောက်ဖြစ်ခဲ့သူပါ
အသက်17နှစ်အထိ အဖေဖြစ်သူရဲ့ စားသောက်ဆိုင်မှာကူညီလုပ်ကိုင်ပေးခဲ့ပြီး ဖက်ရှင်မော်ဒယ်လောကရောက်လာတဲ့အခါ
မစမ်းသပ်သင့်တဲ့မူးယစ်ဆေးဝါးတွေကို စမ်းသပ်သုံးစွဲမိခဲ့ပါတယ် ကံဆိုးချင်တဲ့ဂျီယာက ဆေးထိုးအပ်ကတဆင့် HIV ပိုးကူးစက်ခံခဲ့ရပြီး
အသက်26နှစ်မှာ ကွယ်လွန်ခဲ့ရပါတယ် ဒီလောက်ကတော့ ဂျီယာဆိုတာ သာမန်မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်လမ်းလို့ပဲထင်ကောင်းထင်ကြမှာပါ
တကယ်တော့ ဂျီယာမော်ဒယ်ဖြစ်လာရတဲ့အကြောင်းအရင်းက သူမစွဲလမ်းမိတဲ့ မိတ်ကပ်ဆရာမလေး လင်ဒါကြောင့်ပါပဲ
ဂျီယာနဲ့လင်ဒါကြားကချစ်ခြင်းမေတ္တာနဲ့ အချစ်နဲ့မူးယစ်ဆေးကြား ဗျာများရတဲ့ ဂျီယာရဲ့ဘဝအကြောင်းကို ရှုစားရမဲ့ GL ဇာတ်ကားကောင်းလေးဖြစ်ပါတယ်
ဟောလိဝုဘုရင်မ Angelina Jolie ရဲ့ မိမွေးတိုင်းဖမွေးတိုင်းပကတိအလှအပတွေကိုလဲ တဝကြီးကြည့်ရှုရမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ

0 comments:
Post a Comment