Game Change (2012)


 

Rating : 7.4/10
Country : United State
Genre : Biography, Drama, History 
Cast : Ed Harris, Julianne Moore, Woody Harrelson
Released Date : 2012
Duration : 1h 58min

အညွှန်း
အခုတင်ဆက်‌ေပးမယ့် ဇာတ်ကားက ၂၀၁၂ တုန်းကထွက်ရှိခဲ့တဲ့ Game Change ဆိုတဲ့ ကားပဲဖြစ်ပါတယ်။
ဒီဇာတ်ကားက အမေရိကန်ပြည်ထောင်စုရဲ့ ၄၄ ယောက် ‌​​မြောက်သမ္မတ ဘားရတ်အိုဘားမားကို သမ္မတ အဖြစ်တင်မြောက်ပေးခဲ့တဲ့ အမေရိကန်ရဲ့
၂၀၀၇ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် အချိန် ကနေ ရွေးကောက်ပြီးသွားတဲ့အချိန်ကာလအထိ ကို ပြန်လည်ရိုက်ကူးပြထားတာပါ။

ဘယ်အကြောင်းအရာကိုရိုက်ကူးပြထားတာလဲဆိုတော့ ရွေးကောက်ပွဲမတိုင် Republican ပါတီ ကထောက်ခံသူနည်းပါ‌​​နေပါတယ်။
(ဒေါ်နယ်ထရန့်ရဲ့ပါတီပါ အဲဒီအချိန်တုန်းကတော့ ပါတီကိုလွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဦးဆောင်ပါတယ်)
ထောက်ခံသူတွေထဲမှာ အမျိုးသမီးထုရဲ့‌​ထောက်ခံမှုမြင့်တက်လာရင် ရွေးကောက်ပွဲမှာအနိုင်ရနိုင်ချေရှိတဲ့အတွက်ကြောင့် ပြောင်းလဲမှုတစ်ခုလုပ်ခဲ့ပါတယ်။
အဲဒါက‌တော့အမေရိကန်နိုင်ငံရဲ့ ပထမအမျိုးသမီးဒုတိယသမ္မတကိုယ်စားလှယ်လောင်း အဖြစ်ဝင်ပြိုင်ဖို့အတွက်
အယ်လက်စကာမြို့ငယ်လေးတိုးတက်‌ဖို့အတွက်အစွမ်းကြိုးပမ်းနေတဲ့ အုပ်ချုပ်ရေးမှုးဆာရာပေလင်းကို ရွေးချယ်ခဲ့ပါတယ်။

ဒီကားက ဆာရာပေလင်းရဲ့အကြောင်းကို အဓိကရိုက်ကူးပြထားတာပါ။ ဒါပေမယ့်လို့ အားလုံးသိပြီးတဲ့အတိုင်း ဘားရတ်အိုဘားမားရဲ့
Democratic ပါတီကပဲအနိုင်ရရှိပြီး ဘားရတ်အိုဘားမားက အမေရိကန်နိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတ ဖြစ်လာခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတာကိုသိပြီးတဲ့သူတွေလည်းသိပြီးလောက်မှာပါ အတိုးချုံး​ပြောပြရရင်၂၀၀၇ ခုနှစ် အမေရိကန်ရွေးကောက်ပွဲတုန်းက
Republican ပါတီရဲ့အရှုပ်တော်ပုံအကြောင်းကိုရိုက်ကူးပြထားတာဖြစ်ပါတယ်။

0 comments:

Post a Comment