Ford v Ferrari (2019)


Rating : 8.1/10
Country : United state
Genre :  Action, Biography, Drama 
Cast :  Matt Damon, Christian Bale, Jon Bernthal 
Released Date : 2019
Duration :  2h 32min

အညွှန်း

ကားအကြောင်းများကိုစိတ်ဝင်စားတဲ့သူတွေအတွက် ကားနဲ့ဆိုင်တဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးလာပါပြီ။ ဇာတ်ကားနာမည်မှာ ပြထားတဲ့အတိုင်း ဖော့ နဲ့ ဖယ်ရာရီ ယှဉ်ပြိုင်မှု ဆိုသလို ထိုကားကုမ္ပဏီနှစ်ခုရဲ့ အယူဝါဒတွေ တည်ဆောက်ပုံတွေ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာကို ပြောထားပါတယ် ။

ဇာတ်လမ်းဟာ အရမ်းကိုခမ်းနားစွာရိုက်ကူးထားပြီးတော့ အသံပိုင်း အလင်းအမှောင် သရုပ်ဆောင်ပိုင်းနဲ့ နောက်ခံတေးဂီတပိုင်းမှာလည်း ဖစ်ရပ်မှန်ဇာတ်လမ်းဆိုသလို ခံစားမှုပါအောင် ဖော်ဆောင်ထားပြီးမင်းသားဆုကိုလည်း ဇကာတင်ရွေးချယ်ခံထားရပါသေးတယ် ။

မင်းသားတွေကတော့ American Psycho နဲ့ Batman ထဲမှ Two Faceအဖြစ်သရုပ်ဆောင်တဲ့ Chtistian Bale နှင့် The Martian နဲ့ The Great wallထဲမှ မင်းသား Matt Damonတို့ပဲဖြစ်ပါတယ်။

ဇာတ်လမ်းလေးကတော့

၁၉၆၆ ခုနစ်အတွင်းမှာ ဖော့ကားကုမ္ပဏီအနေနဲ့ ဈေးကွက်မှာ ဘယ်လိုမှထိုးဖောက်လို့မရတဲ့အခြေအနေကို ကျရောက်နေပါပြီ။ ဒီလိုကျရောက်မှုကိုကယ်တင်ရန်အတွက် လဲမန်ရဲ့ ၂၄ နာရီ ( 24 Hours of Le Mans) လို့ခေါ်တဲ့ကားပြိုင်ပွဲကြီးတစ်ခုမှာ ၃ ခါတိတိ အနိုင်ရရှိခဲ့တဲ့ အီတလီမှ ဖယ်ရာရီ ကုမ္ပဏီကိုအနိုင်ရရှိအောင်လုပ်ရန်ပဲဖြစ်ပါတယ်။ ထိုသို့အနိုင်ရရှိနိုင်ရန်ငှားရမ်းလိုက်တာကတော့ လဲမန်းပြိုင်ပွဲမှာတစ်ကြိမ်အနိုင်ရရှိဖူးပြီး ကားအရောင်းအဝယ်လုပ်နေတဲ့ ကာရိုး ရှယ်ဘီ ဆိုသူနဲ့ အကြောက်အလန့်မရှိ ကားမောင်းသမား ကန်မိုင်လ် တို့ပဲဖြစ်ပါတယ်။ သူတို့ရဲ့ ရူပဗေဒနည်းပညာ ၊ ကိုယ်တိုင်လုပ်ဒီဇိုင်းဆွဲထားတဲ့ ကားဒီဇိုင်း၊ သူတို့ရဲ့လုပ်ပုံကိုင်ပုံတို့ဟာ ဖော့ကုမ္ပဏီရဲ့လုပ်ထုံးလုပ်နည်းတို့နဲ့ဆန့်ကျင်နေပါတယ်။

ပီးနောက်မှာ သူ့တို့တွေရဲ့ ရန်သူမဟုတ်တဲ့ ဖော့ ကုမ္ပဏီက ကောင်စီဝင်တွေကိုဘယ်လိုများနားချမလဲ… အန်ဇို ဖယ်ရာရီ ကိုသူတို့နှစ်ယောက်ပေါင်းပြီးကာ ဘယ်လိုများအနိုင်ယူမလဲ….. နောက်ကွယ်မှာတတ်လာဦးမယ့် ပြဿနာတွေဖြစ်တဲ့ မိသားစုရေး လူမှုရေး စီးပွားရေးနဲ့ အခြားသော ဦးစီးမှုပိုင်းဆိုင်ရာကိစ္စတွေအားလုံးကိုပြသထားပြီး Fast and Furiousထက်မနည်း အရမ်းကိုကြည့်လို့ကောင်းတယ်လို့ အာမခံပေးလိုက်ပါတယ်။


0 comments:

Post a Comment