ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်က စာအုပ်တစ်အုပ်မှာ
ယောကျာ်းကောင်းတွေက
မိန်းမကြောက်ကြတယ်လို့ရေးဖူးတယ်…..မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့ပတ်ဝန်းကျင်မှာတော့ယောက်ျားအားလုံးနီးပါး မိန်းမကြောက်ကြပါတယ်…
ဒီကုလားကားကတော့ မိန်းမစိတ်ကိုနားလည်ဖို့ကြိုးစားကြတဲ့
မယားညီအစ်ကိုနှစ်ကောင်နဲ့ သူ့တို့မိန်းမတွေ အကြောင်းပေါ့။ယေဘုယျဆန်ဆန်ပြောရမယ်ဆိုရင် ဒီကားထဲက ညီအကို(၂)ယောက်ဟာယောကျင်္ားထုအားလုံးကို ကိုယ်စားပြုပြီး မိန်းကလေး(၂)ယောက်ကတော့မိန်းမထုအားလုံးကို ကိုယ်စားပြုနေပါတယ်…အချို့ ကုလားကားတွေလို Over actionတွေမပါတဲ့အပြင်
Over actionတွေကို သရော်သွားပြီး
သမီးရည်းစားအနေအထား အိမ်ထောင်သည်အနေအထားနှစ်ဘက်မိဘဆွေမျိုးတွေကိုပတ်သက်ရတဲ့အနေအထားအားလုံးကိုပညာသားပါပါလေးနဲ့ ဟာသလေးတွေစွက်ပြီး ပြသွားပါတယ်….မိန်းမနိုင်ဖို့ကြိုးစားနေတဲ့သူတွေအဖို့ ရှောင်ရန်ပညာလေးတွေရနိုင်သလို မိန်းမကြောက်ရသူတို့အဖို့ငါတို့သည် ယောကျင်္ားသားများသာလို့ ခပ်တည်တည်တွေးရမယ့် ကားလေးပါ..အမျိုးသမီးတို့အဖို့တော့ ကမ္ဘာဦးကထဲက ရှိခဲ့တဲ့ နိယာမကို ဘယ်သူကများ တွန်းလှန်နိုင်ပါ့မလဲလို့ပီတီဟန်တွေအပြည့်နဲ့ ပြုံးနိုင်မယ့်ကားဆိုပါတော့…ပေါ့ပေါ့ပါးပါးလေးနဲ့ ရယ်မောပျော်ရွှင်ရသလို
ပညာလည်းရတဲ့ ကောင်းလည်းကောင်းတဲ့ ကုလားကားတွေမှ သဘောကျတဲ့သူတွေအဖို့ခံစားကြည့်ကြပါလို့ တိုက်တွန်းအပ်ပါတယ်…

0 comments:
Post a Comment