ဒီတစ်ခါတော့ မင်းသားချော
မန်ချူးဗစ်ရှနူး နဲ့ မင်းသမီးချော ပရာနစ်သာတို ့ရဲ့ အက်ရှင်အကြမ်းကားတစ်ကား တင်ပေးလိုက်ပါတယ်
လူမိုက်တွေမိုက်ကြေးခွဲနေတဲ့နေရာကို အမှန်တရားဘက်တော်သား
လူငယ်လေး တစ်ယောက်ရောက်လာပြီး
ကူညီပေးသွားတယ်
သူ ့နာမည်က ရှီဗာဂျီ
အဲ့ဒီအဖြစ်အပျက်ကို အကြောင်းစုံမြင်လိုက်ရလို ့ကောင်မလေးတစ်ယောက်က စိတ်ဝင်စားပြီး
သူ ့ကိုလာမိတ်ဆက်တယ်
ကောင်မလေး နာမည်က အန်နာမီကာ. . .
သူငယ်ချင်းတွေမြှောက်ပေးမှုနဲ့ သူတို ့နှစ်ယောက် ပထမဆုံးချိန်းတွေ့ကြတယ်
အားလုံးအဆင်ပြေချောမွေ့စွာနဲ့
အန်နာမီကာ့ကို အိမ်လိုက်ပို ့ချိန်
အန်နာမီကာတစ်ယောက်
လူဆိုးတစ်သိုက်ရဲ့ ပြန်ပေးဆွဲခြင်း ခံလိုက်ရတယ်
ရှီဗာဂျီဟာ သူ ့ကိုကယ်ဖို ့
လူဆိုးတွေနောက်ကို လိုက်ရင်း ပြန်ပေးဆွဲမှုရဲ့နောက်ကွယ်က အကြောင်းတရားတွေ တစ်စတစ်စ သိလာရတယ်
ဒီကိစ္စရဲ့နောက်ကွယ်မှာ နိုင်ငံကျော်မင်းသမီး နီဟာရှာမားအသတ်ခံရမှုပါ ပါဝင်ပက်သက်နေတာကို သိလိုက်ရတဲ့အခါ. . .
အန်နာမီကာ
ဘာကြောင့် ပြန်ပေးအဆွဲခံရတာလဲ
အစိုးရ အရာရှိပိုင်းတွေနဲ့ရော
ဘယ်လိုပါဝင်ပက်သက်နေတာလဲ
ရှီဗာဂျီတစ်ယောက်
အန်နာမီကာ့ကို ကယ်တင်နိုင်မလား
အကြမ်းကြိုက်တဲ့ ပရိတ်သတ်တွေအတွက် Ratings လည်းမြင့်ပြီး
ဇာတ်လမ်းအဆုံးအထိ ဆွဲဆောင်သွားစေမယ့် အက်ရှင်ကား တစ်ကားဖြစ်လို ့အားပေးကြပါဦး ခင်ဗျာ. .

0 comments:
Post a Comment