လောကဆိုတာအမြဲပြောင်းလဲနေပြီးတွေ့ဆုံကြုံကွဲဓမ္မတာတွေကိုလူတွေခံစားကြရပါတယ်။လူတစ်ယောက်နဲ့တစ်ယောက်ဆုံစည်းဖို့ကွဲကွာဖို့ဆိုတာအပြောင်းအလဲလေးတစ်ခုပေါ်မှာပဲမူတည်ပါတယ်။လူတွေမှာ နောင်တဆိုတာရှိကြသလိုနောင်တကြောင့်လည်းပူဆွေးမှုတွေဖြစ်တတ်ကြပါတယ်။”အဲလိုသာမဟုတ်ခဲ့ရင်”ဆိုတဲ့အတွေးမျိုးနဲ့ အတိတ်ကအလွဲအမှားတွေကိုပြန်ခံစားကြရတာပါ။
ဘဝလမ်းကြောင်းမှာ “တေ့လွဲ” အဖြစ်ကလေးတွေအမြဲတမ်းလိုလိုဖြစ်ပေါ်နေလေ့ရှိပါတယ်။ကိုယ့်အတွက်ကံကောင်းခြင်းတွေကံဆိုးခြင်းတွေကလည်းလက်တစ်ကမ်းအလိုကိုရောက်ရောက်လာတတ်ပါတယ်။အဲဒီတေ့လွဲဖြစ်ရပ်အများစုကိုကျွန်တော်တို့ကိုယ်တိုင်မသိကြပါဘူး။တစ်ချို့ကိုတော့အချိန်လွန်မှသိကြရတယ်။ကိုယ့်စိတ်မပိုင်းဖြတ်နိုင်ခဲ့လို့၊မယုံမရဲ့ဖြစ်ခဲ့လို့မဖြစ်သင့်တာတွေဖြစ်ခဲ့ရတာမျိုးတွေလူတိုင်းကြုံဖူးကြမှာပါ။
ဒီဇာတ်လမ်းရဲ့ မက်ဆေ့ကအဲဒါပါပဲ။တစ်ချိန်ချိန်က ကိုယ့်ရဲ့မသိမှုကြောင့် (ဒါမှမဟုတ်)တေ့လွဲဆိုတဲ့အဖြစ်တစ်ခုကြောင့်ဘဝလမ်းကြောင်းပြောင်းသွားခဲ့တဲ့လူနှစ်ယောက်ရဲ့ဇာတ်လမ်းကိုရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ဆယ်တန်းကျောင်းသားဘဝကတည်းက သံယောဇဉ်ရှိခဲ့ကြတဲ့ ရာမာချန်ဒရန်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်နဲ့ဂျနာကီဒေဗီဆိုတဲ့မိန်းကလေးတစ်ယောက်ရဲ့ဇာတ်လမ်းကိုရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။
သူတို့နှစ်ဦးကွဲကွာသွားခဲ့ကြပြီး ၂၂ ကြာမှပြန်ဆုံခဲ့ကြတဲ့အခါ သူတို့ဘဝအခြေအနေတွေကပြောင်းလဲခဲ့ပါပြီ။ဘာတွေဖြစ်ခဲ့လို့လဲ ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတဲ့ မေးခွန်းတွေကိုတော့ 96မှာပဲတစ်စိမ့်စိမ့်ရှုစားရင်းအဖြေရှာကြပါခင်ဗျာ။

0 comments:
Post a Comment