“ရာဟူး(လ်)ပါ၊ နာမည်တော့ကြားဖူးမှာပေါ့”ဒီဒိုင်ယာလော့ဟာ ဒီဇာတ်ကားကြည့်ဖူးသူတိုင်း မမေ့နိုင်စရာပါအချစ်ဆိုတာဘာလဲအချစ်လား၊ ဘာများလဲဗျအချစ်ဆိုတာ ဘဝပါပဲဘုရားဟာ နှလုံးသားတိုင်းရဲ့ ဖူးစာဖက်တွေကို ဟိုးအစကတည်းကစီမံထားပြီးသားပါတစ်ယောက်ကိုတစ်ယောက် ရှာဖွေ့ဖို့ပဲလိုအပ်တာပါတနေနေရာရာမှာ တစ်ယောက်ယောက်ဟာ သင့်ဘဝလက်တွဲဖေါ်အဖြစ်ရှိနေပါတယ်။
ဆုပေါင်းများစွာသိမ်းပိိုက်ထားပြီး ယခုချိန်ထိနာမည်ကျော်လူကြိုက်များနေစဲဖြစ်တဲ့King Khanရဲ့ အကောင်းဆုံးဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်IMDb 7.1 / 10 အထိရရှိထားပြီး အချိန်ပြည့်နားထဲစွဲနေစေမယ့်သီချင်းတွေဒရာမာစစ်စစ်တွေမှကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက်ကတော့ လုံးဝလက်လွတ်မခံသင့်ပါဘူးSRK ဟာ Romance King ဖြစ်သလို သူ့ Romance ကားတွေဟာလည်းအခုချိန်ထိ လူကြိုက်များစဲ အောင်မြင်နေစဲပါပဲMadhuri Dixit Karisma Kapoor တို့၏ ငယ်ဘဝကအလှအပများ သူမတူလွန်းတဲ့ နောက်ခံသီချင်းများ၊ ယခုအချိန်ထိ နာမည်ကျော်နေတဲ့ သီချင်းများနဲ့ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးစေနိုင်ပါဘူးဇာတ်လမ်းလေးကတော့ရာဟူး(လ်)၊ နီရှား၊ ပူဂျားနဲ့ အဂျေးတို့ကြားထဲကစိတ်ဝင်စားဖွယ်အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်ဒီဇာတ်ကားကောင်းမကောင်းဆိုတာ အများစုသိပြီးသားဆိုတော့ ထပ်မညွှန်းတော့ပါဘူးလုံးဝမကြည့်ရသေးဘူးဆိုရင်တော့ သေချာပေါက်ကြည့်လိုက်ပါ တကယ်သဘောကျလိမ့်မယ်ဆိုတာ အာမခံပါတယ်

0 comments:
Post a Comment