Chamak (2017)


Rating : 6.9/10
Country : India 
Genre :  Comedy 
Cast :  Ganesh, Rashmika Mandanna, Hampa Angadi 
Released Date : 2017
Duration : 2h 35min 


 

အညွှန်း



Geetha Chalo (weekend party)

ဒီဟင်ဒီစကားပြော Romance-Comedy ရုပ်ရှင်ဟာ

၂၀၁၇ ခုနှစ်မှာ Chamak ဆိုတဲ့ ရုပ်ရှင်နာမည်နဲ့ ထွက်ထားခဲ့တာဖြစ်ပါတယ်အခုနှစ် ၂၀၁၉ မှာတော့ မူရင်း ကန်နာဒါ ဘာသာစကားပြောနေရာမှာ

ဟင်ဒီစကားပြောပြန်သွင်းပြီးတော့

Geetha Chalo (weekend party) အမည်နဲ့

ပြန်လည်ဆန်းသစ်ထားတာဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်းကတော့

ဘိုင်ဇက်မြို့ရဲ့ အတော်ဆုံးဆရာဝန်ဆယ်ယောက်ထဲမှာပါတယ်လို့ ပြောစမှတ်ပြုရတဲ့ OG ဆရာဝန် ဒေါက်တာခရစ်ရှနားဟာ ပိတ်ရက်တွေဆို ပါတီတက်လိုက် ဘားသွားလိုက်နဲ့ အချိန်ဖြုန်းတတ်တဲ့ငပွေးပါသူ့အိမ်က သူ့ကို မိန်းမယူစေချင်ပေမယ့်

သူဟာ မိန်းမယူရမှာ သိပ်ကြောက်ပါတယ်

ဒါပေမယ့်

တကယ်တန်းမှာတော့

သူဟာ မိန်းမယူရမှာ ကြောက်တာထက်

ဘော်ဒါတွေနဲ့ ပါတီတက်ခွင့်ဆုံးရှုံးမှာကို ပိုကြောက်တာပါ …

အရွယ်ရောက်နေပြီဖြစ်တဲ့ သူ့ကို

အားလုံးက အိမ်ထောင်ပြုဖို့ တိုက်တွန်းပါတယ်…

ဒီလိုနဲ့ အိမ်ထောင်ပြုဖို့မဖြစ်မနေလုပ်ရတော့မယ်

အခြေအနေရောက်လာတယ်….

သူ ဘယ်လို ကောင်မလေးမျိုးနဲ့ အိမ်ထောင်ကျမလဲ….

အိမ်ထောင်ဖက်အမျိုးသမီးကရော

သူ့အကျင့်စရိုက်တွေနဲ့ ကိုက်ပါ့မလား…..

သူမျှော်လင့်ထားသလိုရော အဆင်ပြေပါ့မလား…..

ဆက်လက်ခံစားကြည့်လိုက်ပါဦး….ဇာတ်ကားဟာ ၂ နာရီနီးပါး ကြာပေမယ့်

လုံးဝပျင်းစရာမကောင်းပဲ ပေါ့ပေါ့ပါးပါးနဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ ဒီကားလေးကို ဒါရိုက်တာ ဆူနီက ရိုက်ကူးထားတာပါGanesh နဲ့

Rashmika Mandanna

တို့ အဓိကပါဝင်ထားတဲ့ ဒီကားလေးဟာ

ချစ်စရာ Romance-comedy ကားလေးမို့

တင်ပေးလိုက်ပါတယ်


 

0 comments:

Post a Comment