Rating : 7.0/10
Country : India
Genre : Comedy, Drama
Cast : Rajkummar Rao, Nushrat Bharucha, Mohammed Zeeshan Ayyub
Released Date : 2020
Duration : 2h 16min
Country : India
Genre : Comedy, Drama
Cast : Rajkummar Rao, Nushrat Bharucha, Mohammed Zeeshan Ayyub
Released Date : 2020
Duration : 2h 16min
အညွှန်း
မွန်တူဟာ ပေါ့ပေါ့နေ ပေါ့ပေါ့စားကောင်….ပျော်ပျော်နေတတ်သလို လူငယ်အဖွဲ့ရဲ့ ဟိုစပ်စပ်ဒီစပ်စပ်အလုပ်တွေလည်းခေါင်းဆောင်လုပ်လေ့ရှိတယ်…ဘာအလေးအနက်မထားတတ်လို့ ဘွဲ့လည်းမရခဲ့ဘူး…ဒါပေမဲ့ အဖေရဲ့ကောင်းမှုကြောင့် သူတို့မြို့မှာရှိတဲ့ကျောင်းရဲ့ PT ဆရာဖြစ်လာခဲ့တယ်…ဒီလို ဝေလေလေလုပ်နေတဲ့မွန်တူကို မိဘတွေကလည်း တည်ငြိမ်သွားအောင် အိမ်ထောင်ပြုစေချင်တယ်…
မွန်တူကတော့ အချစ်မပါတဲ့ အိမ်ထောင်ရေးဟာ ဘာညာကွိကွနဲ့ မိဘတွေကို ပြန်တရားချတယ်..
တစ်နေ့ Valentine’s Day ရောက်တော့ မွန်တူနဲ့ ဘော်ဒါတစ်သိုက်ဟာ ပန်းခြံထဲမှာပတ်ပြီး ချစ်သူစုံတွဲတွေကိုလိုက်ဖမ်းပါတယ်…ယာဉ်ကျေးမှုနဲ့မညီဘူး အများအမြင်မသင့်ဘူးဆိုပြီး အားလုံးကိုနှင်ထုတ်တယ်…လင်မယားတွေပါပြောတဲ့သူတွေကိုတောင် မွန်တူတို့က မယုံကြည်ဘဲ မှတ်တမ်းပုံတွေရိုက်သတင်းစာထဲထည့်လိုက်ပါသေးတယ်…နောက်တစ်နေ့မွန်တူတို့ကျောင်းကို အရမ်းလှတဲ့ကျောင်းဆရာမလေးရောက်လာပါရော….မွန်တူလည်းငမ်းမယ်ကြံရုံရှိသေးတယ်…ဒီဆရာမလေးဟာ သူတို့Valentine’s Day မှာ သတင်းစာထဲရောက်သွားလို့အရှက်ကွဲခဲ့ရတဲ့ လင်မယားရဲ့သမီးချောလေးဖြစ်နေတဲ့အခါမှာတော့…ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး…

0 comments:
Post a Comment