Rating : 5.9/10
Country : United State
Genre : Drama, Horror
Cast : Chloë Grace Moretz, Julianne Moore, Gabriella Wilde
Released Date : 2013
Duration : 1h 40min
Country : United State
Genre : Drama, Horror
Cast : Chloë Grace Moretz, Julianne Moore, Gabriella Wilde
Released Date : 2013
Duration : 1h 40min
အညွှန်း
တိတ်ဆိတ်တဲ့ ညတစ်ခုမှာ မာဂရက်ဝှိုက် ဟာ ကိုယ်ဝန်အရင့်မာကြီးကနေ ရေမွှာပေါက်ပြီး သူ့အိပ်ခန်းထဲက ကုတင်ပေါ်မှာကလေးကို ခက်ခက်ခဲခဲ မွေးထုတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်..ဘာလို့ သူမ ဆေးရုံမသွားတာလဲ တစ်ယောက်ထဲ မွေးဖွားဖို့ ကြိုးစားတာလဲ ?
ကလေးဟာ တော်ရုံနဲ့ ထွက်မလာပါဘူး မာဂရက် ကို အကြီးမားဆုံးသော နာကျင်မှုတွေပဲ ပေးနေပါတယ်မယ်တော်မေရီ ကိုပဲ သူမ တမ်းတ ဆုတောင်းနေရပါတယ်..ဒီလိုနဲ့ ကလေးကို ခက်ခက်ခဲခဲ မွေးနိုင်ခဲ့တယ် ကလေးကို လှမ်းကြည့်လိုက်ပြီး သူမ ဘေးနားက ကတ်ကြေးချွန်ကိုဆွဲပြီးကလေးကို ထိုးသတ်ဖို့ လုပ်တယ်
ဒါပေမယ့် သူမ ရင်သွေးလေး ဆိုတဲ့အတွေးနဲ့ ခတ္တခဏ ငိုင်သွားပြီး ကလေးကို ပွေ့ချီလိုက်တယ်မကောင်းဆိုးဝါး လို့လဲ သူမ ပါးစပ်က ရေရွတ်တယ် သူမ မသတ်ရက်ခဲ့ဘူး…ကလေးက မိန်းကလေး ဖြစ်ပြီး ကယ်ရီဝှိုက် လို့ အမည်ကင်ပွန်းတပ်ခဲ့တယ်…
ကယ်ရီဝှိုက် အရွယ်ရောက်လာတော့ သူမ မှာ အပေါင်းအသင်း သူငယ်ချင်းမရှိခဲ့ဘူး အဲ့ဒါကလဲ သူမ အမေကြောင့်ပါပဲမသိတဲ့ သူစိမ်းတွေနဲ့ အပေါင်းအသင်း လုပ်ဖို့ မပေးခဲ့ဘူး သူမ အမေရဲ့ ရှုးကြောင်ကြောင် ပုံစံကြောင့် သူမ ကိုလဲ နောက်ကွယ်မှာအတင်းပြော နှိမ်စရာ ကောင်မလေး တစ်ယောက် အဖြစ် ရောက်ရှိစေခဲ့တယ်…
ဒီလိုနဲ့ တစ်ယောက်ထဲ နေလာခဲ့တဲ့ ကယ်ရီဝှိုက် ဟာ တစ်ရက်မှာတော့ အားကစား အတန်းပြီးတုန်း ရေချိုးတဲ့ အခါပထမဆုံး အပျိုစင်ဖြစ်မယ့် ရာသီသွေး လာခဲ့ပါတယ် သွေးတွေကို မြင်ပြီး ထိတ်လန့်ခါ ဝတ်လစ်စလစ် ဖြင့် အတန်းထဲကမိန်းကလေး သူငယ်ချင်းတွေကို အကူအညီတောင်းပေမယ့် အားလုံးက လှောင်ပြောင်ရယ်မောနေခဲ့ပြီး
တစ်ချို့က လက်ကိုင်ဖုန်းများဖြင့်ထိုအဖြစ်အပျက်ကို ဗီဒီယို ရိုက်ကူးနေခဲ့တယ်…သူမ ထိတ်လန့်နေတဲ့အချိန် မီးများ မှိတ်တုတ် မှိတ်တုတ် ဖြစ်ကာ ဗြောင်းဆန်လာတဲ့ အတွက် အားကစားဆရာမ ဖြစ်သူကဝင်ရောက်လာပြီး အခြေအနေကို ထိန်းသိမ်းပေးခဲ့တယ်
ကယ်ရီဝှိုက်ရဲ့ အစွမ်းတွေကိုတော့ သတိမထားလိုက်မိကြပါဘူးကျောင်းကို လာခေါ်တဲ့ ကယ်ရီဝှိုက် ရဲ့ မိခင် မာဂရက် ကတော့ အိမ်ပြန်ရောက်တဲ့ အခါ အဲ့ဒီမကောင်းဆိုးဝါး အစွမ်းတွေ ထက်မဝင်အောင်ဘုရားခန်းထဲ သော့ပိတ်ထားခဲ့ပါတယ် ကယ်ရီဝှိုက် ကြောက်လန့်ပြီး အကူအညီတောင်းပေမယ့် အပြစ်သာ တွင်တွင် ဝန်ခံခိုင်းပြီးပြစ်ထားခဲ့ပါတော့တယ်
ကယ်ရီဝှိုက် ဟာ မကောင်းဆိုးဝါး နဲ့ အတူ မွေးဖွားခဲ့တာလား စွမ်းအားရှင် တစ်ယောက်လား ဆိုတာကိုတော့ဆက်လက်ကြည့်ရှုကြပါရန်…

0 comments:
Post a Comment