လူတိုင်းက ကျော်ကြားလိုကြတယ် သို့သော် …. ပညာမဲ့ အောက်ခြေလူတန်းစား အပယ်ခံတွေက လူကြားမှာ ပိုပြီးတော့ လူရာဝင်ပြီး ပိုကျော်ကြားချင်ကြတယ် ဒါပေမယ့် ကျော်ကြားအောင် လုပ်နည်းကတော့ မှားသွားတယ် ။ ပညာမဲ့တွေဟာ ကျော်ကြားပြီသားလူကို မနာလိုစိတ်နဲ့ အပြစ်တင် ပုတ်ခတ်ပြီး “သူများကိုဖိမှ ကိုယ်အပေါ်ကိုရောက်တဲ့” နည်းအမှားကို အသုံးပြုတတ်ကြတယ် ။ ပြီးတော့ “ဘာကြောင့်” ဆိုတဲ့ ဆင်ချေနဲ့ ကိုယ်သာလျင် တော်ကြောင်း တတ်ကြောင်း အမြဲပြောလေ့ရှိတယ် ။
ပညာမဲ့တစ်ယောက် ဆင်းရဲသောအခါ ….
လူတိုင်းကတော့ ချမ်းသာချင်ကြတာပါပဲ ဒါပေမယ့် ….
“မပြည့်တဲ့,အိုး ဘောင်ဘင်ပိုခတ်တယ်” ဆိုတာ ကြားဖူးကြမှပါ ။ အဲ့ဒိလိုပါပဲ ပိုဆင်းရဲတဲ့ လူတွေက ပိုချမ်းသာချင်ကြတယ် ။ ဒါဖြစ်နေကြ လောကဓမ္မတရားတွေပါပဲ ။
လူ့လောကအပယ်ခံ ဆင်းရဲသားတွေ ချမ်းသာစိတ်အားကြီးလာတော့ ချမ်းသာမှုကို ဖြတ်လမ်းက လိုက်တတ်လာတယ် ။ ဘာပဲလုပ်ရလုပ်ရ ချမ်းသာရင်ပြီးရောဆိုပြီး ချက်ချင်းချမ်းသာဖို့ ခဏတာအတွေးသိမ်သိမ်နဲ့ မလုပ်သင့် မလုပ်အပ်တာတွေ လုပ်တတ်ကြတယ် ။
ဖြစ်သလိုလုပ်ရင် လုပ်သလိုဖြစ်တတ်တာကြောင့် ပြည့်တန်ဆာမသားတစ်ယောက်ဖြစ်တဲ့ ဂျွန်နီရဲ့ဘဝက မသာယာခဲ့ပါဘူး ။
ကျော်ကြားလိုမှု ချမ်းသာချင်စိတ်နဲ့
ပညာမဲ့လူတန်းစား လူ့ဆင်းရဲသားလေး ဂျွန်နီ နှင့် ကလပ်အဆိုတော်မလေး ရိုဇီတို့ ကြားက မေတ္တာတရားကို အခြေခံတဲ့ ခပ်ကြမ်းကြမ်း ဇာတ်လမ်းလေးပါပဲ ။
တစ်ခုတော့ ထပ်ပြောချင်တယ်
တကယ်ချစ်တတ်မှ ဒီရုပ်ရှင်ကို ကြည့်ပါ
0 comments:
Post a Comment