အိန္ဒိယကားကြိုက်ပရိသတ်တွေအတွက် ဇာတ်အိမ်ကောင်းတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်း
မီလန်ပေါလ် နဲ့ ဆရီရာမာခရစ်ရှနမ် တို့ဟာ ကောလိပ်မှာကတည်းက အချစ်ဆုံးသူငယ်ချင်းတွေပါ။
ကျောင်းပြီးသွားတဲ့အခါမှာတော့ ဆရီ ဟာ ကိုတာရမ်မြို့မှာ ရဲအရာရှိတစ်ယောက်ဖြစ်လာပြီး
မီလန်ကတော့ ထိုမြို့မှာပဲ သတင်းထောက်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ အလုပ်အကိုင်ချင်းမတူညီပေမယ့်
တာဝန်ယူမှု တာဝန်ခံမှုတွေ အရမ်းကြီးတဲ့ အလုပ်အကိုင်တွေလဲ ဖြစ်ပါတယ်။
အချင်းချင်းအပြန်အလှန်ကူညီရင်း အခြေအနေတွေ ကောင်းနေရာကနေ တစ်နေ့ သူတို့မြို့မှာ
ဆက်တိုက်ဆိုသလို သေကြောင်းကြံစည်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။ အဲ့ဒီနောက်
ထိုသေကြောင်းကြံစည်မှုများဟာ လူသတ်မှုဖြစ်တယ်ဆိုတာ ဆရီ တစ်ယောက် စုံစမ်းမိသွားတဲ့အခါမှာတော့
ဆရီ ဟာ သူ့သူငယ်ချင်း သတင်းထောက် မီလန် အကူအညီနဲ့ ဘယ်လို ဆက်ဖြေရှင်းမလဲဆိုတာ
ကြည့်ရှူရမယ့် ကားလေးဖြစ်ပါတယ်။
0 comments:
Post a Comment