Sweet Munchies (2020)

12 Episodes

Rating : 7.8/10
Country : South Korean
Genre : Comedy, Romance
Cast : Jung Il Woo, Kang Ji Young, Lee Hak Joo


ညည့်နက်မှာ ဗိုက်ဆာတတ်တဲ့ သူမျိုး တွေ အကြိုက်တွေ့စေမဲ့ စားဖိုမှုး ကိုကိုနဲ့ PD မမ ရဲ့ အစားတစ်လိုင်း လေး များ ကြည့်ဖို့ကောင်းတဲ့ သုံးပွင့်ဆိုင် အချစ်ဟာသပုံစံ ကိုရီးယား Dramaပါ။

Park Jin Sung (Jung Il-Woo) ကစားဖိုမှူးတစ်ယောက်ဖြစ်ပြီး ညည့်နက်ထိဖွင့်တဲ့ နာမည်ကြီး စားသောက်ဆိုင်တစ်ခုဖွင့်လှစ်ထားပါတယ်။ သူ့ဆိုင်ရဲ့ဝှက်ဖဲက စားသုံးသူတွေက ကြိုက်နှစ်သက်ရာသောက်စရာတစ်ခုခုကိုသာရွေးချယ်နိုင်ပြီး သောက်စရာနဲ့ လိုက်ဖက်မယ့် အစားအစာများကိုတော့ စားသောက်ဆိုင်ပိုင်ရှင် Park ကရွေးချယ်ပေးပါတာ က ဒီဆိုင်ရဲ့ ထူးခြားပြီး နာမည်ကြီးတဲ့ အချက်ဖြစ်လာပါတယ်။

Kim Ah Jin (Kang Ji-Young ) ကစိတ်အားထက်သန်သော PD တစ်ယောက်၊ Ah Jin က အမြဲ မျက်နှာရွှင်ရွှင်နဲ့ နေတတ်သူတစ်ယောက်ဖြစ်ပြီး အားသာချက်ကတော့ အစားအစာနှင့်အရက်သောက်တာကို Crazy တစ်ယောက်ပါတဲ့။
အစားတစ်လိုင်းကော အသောက်တစ်လိုင်းကော ဖြစ်တဲ့ Ah Jin က ပုံမှန် ဖောက်သည်ဖြစ်လာတဲ့နောက်မှာတော့

Ah Jin ရဲ့တိုက်တွန်းမှုကြောင့် Park က “Midnight Snack Couple” လို့ခေါ်တဲ့ Variety show တစ်ခုမှာပါဝင်ဖြစ်ခဲ့ပါတယ်။

Kang Tae Wan (Lee Hak Joo) ကအောင်မြင်နေတဲ့ဖက်ရှင်ဒီဇိုင်နာတစ်ယောက် ပါ။ သူ့ကိုယ်ပိုင် ဖက်ရှင်တီဗွီအစီအစဉ်တစ်ခုကို host အဖြစ်လက်ခံတင်ဆက်နေသူပါ Park Jin Sung နှင့် Kim Ah Jin တို့ရဲ့ “Midnight Snack Couple” show ဆီကို Park အတွက် Design အကြံပေးသူအဖြစ်ပါဝင်လာခဲ့တဲ့အခါမှာတော့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ခုစတင်ခဲ့ပါတယ်တဲ့။

သုံးပွင့်ဆိုင် ဇာတ်လမ်းတွေက အများကြီးမှာမှ ဒီကားမှာ မင်းသမီးက ဘယ်သူ့ကို ရွေးချယ်မလဲ?

ကိုယ့် အကြိုက်တွေပဲ စုနေတဲ့ စားသောက်ဆိုင်ပိုင်ရှင်ကိုပဲ ရွေးမလား?
နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာ ကိုကို ကိုပဲ ရွေးမလား?

0 comments:

Post a Comment