Born Again (2020)

16 Episodes

Rating : 7.8/10
Country : South Korean
Genre : Mystery, Romance, Drama, Fantasy, Melodrama
Cast : Jang Ki Yong, Jin Se Yeon, Lee Soo Hyuk


တစ်ဘဝတည်းတောင် စိတ်ဝင်စားအောင်ရိုက်ကူးတဲ့ကိုရီးယား ကားတွေက ဒီလောက်ကြည့်ကောင်းတာ။ နှစ်ဘဝ ဇာတ်လမ်းဆိုတော့ ဘယ်လိုတွေ စိတ်ဝင်စားအောင်လုပ်မလဲမသိ။

Mystery/Romance အမျိုးအစားဖြစ်တဲ့ ဒီကားမှာ
စုံထောက်ရယ်၊ စုံထောက်ရဲ့ချစ်သူနဲ့ စုံထောက်ရဲ့ ချစ်သူကိုမှ ချစ်မိသွားတဲ့ ကွင်းဆက်လူသတ်သမားရယ် သူတို့ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းပါ။

လွန်ခဲ့တဲ့ ၃၂ နှစ် ၁၉၈၀ ခုနှစ်တုန်းက မင်းသား Kong Ji-Cheol (Chang Ki-Yong) က ဆိုးသွမ်းလွန်းတဲ့ ဖခင်လိုဖြစ်မလာအောင် ကိုယ့်ကိုယ်ကို ထိန်းကျောင်းနိုင်ခဲ့သူတစ်ယောက်။ ဒီနေ့ခေတ်မှာတော့ ဆေးကျောင်းသား Cheon Jong-Beom (Chang Ki-Yong) အဖြစ် ပြန်လည်မွေးဖွားလာခဲ့ပါတယ်။

၁၉၈၀ ခုနှစ်တုန်းက မင်းသမီး Jung Ha-Eun (Jin Se-Yun) က Old Future ဆိုတဲ့ စာအုပ်အဟောင်းဆိုင်ပိုင်ရှင်ပါ ။ ၁၉၈၀ ခုနှစ်တုန်းကတော့ နှလုံးရောဂါ ခံစားနေရသူဖြစ်ခဲ့ပေမယ့် ဒီနေ့ ခေတ်ကာလမှာတော့ ရှေးဟောင်းသုတေသန နည်းပြတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

၁၉၈၀ ခုနှစ်တုန်းက မင်းသား Cha Hyeong-Bin (Lee Soo-Hyuk) က စုံထောက်တစ်ယောက်ပါ။ ဒီနေ့ခေတ်ကာလမှာတော့ ပြစ်မှုတွေရဲ့ သက်သေတွေကို မျိုးရိုးဗီဇနဲ့မှယုံကြည်လက်ခံတတ်တဲ့ ခပ်မိုက်မိုက် အစိုးရရှေ့နေတစ်ဦး ဖြစ်လာခဲ့တဲ့နောက်မှာတော့...

၁၉၈၀ ခုနှစ်တွေတုန်းက သူတို့ဘယ်လိုတွေ ဆုံစည်းခဲ့သလဲ။
ဘယ်လိုအငြိုးတွေနဲ့ သေဆုံးသွားခဲ့လဲ။ ဒီနေ့ခေတ်မှာ​ရော လျှို့ဝှက်ဆန်းကြယ်မှုတွေကြားက ဘယ်လို Romance တွေနဲ့သုံးပွင့်ဆိုင်ဖြစ်မလဲ။ နှစ်ဘဝစာ ရေစက်တွေက ဘယ်လိုများဆက်နွယ်နေမလဲ။

0 comments:

Post a Comment