Badhaai Ho (ဂုဏ်ယူဝမ်းမြောက်ပါတယ်) ဒီစကားလုံးကို ကြောက်လွန်းလို့ ပတ်ဝန်းကျင်ကနေထွက်ပြေးနေရသူ တစ်ယောက်ရှိပါတယ်သူ့နာမည်က နာခူ(လ်)ပါအသက်အရွယ်ရ ၂၀ ကျော်၊ ၁၅ နှစ်သာသာညီတစ်ယောက်ရှိတယ်ချစ်စရာကောင်းတဲ့ ရည်းစားတစ်ယောက်ရယ်၊ တည်တည်တံ့တံ့ အလုပ်အကိုင်လည်း ရှိတယ်
ဒါဖြင့် ဘာကြောင့်များ ပတ်ဝန်းကျင်က ဂုဏ်ပြုစကားကို ကြောက်နေရတာလဲဂုဏ်ပြုပါတယ်ဆိုတာက သူ့အနေအထားကိုလားဘာကို ဂုဏ်ပြုတာလည်းအဖြစ်ကတော့ ဒီလိုပါဗျာ …တနေ့ ၅၀ ကျော်၊ ၆၀ အရွယ်မိခင်ကြီး နေထိုင်မကောင်းဖြစ်လို့ ဆေးခန်းသွားပြရပါတယ်ဆေးခန်းမှ အိမ်ပြန်ရောက်တော့နာခူလ် – အမေ့ကျန်းမာရေးနဲ့ပတ်သတ်ပြီး ဆရာဝန် ဘာပြောလိုက်လဲ အဖေအဖေ – ဆရာဝန်ပြောတာက၊ ဆရာဝန်ပြောတာကလေအိ််မ်ကို ဧည့်သည်တစ်ယောက် ရောက်လာမယ်တဲ့အငယ်ကောင် – ဧည့်သည်လာရင် သားအခန်းတော့ ပြောင်းမပေးနိုင်ဘူးနော် အဖေ၊ ကြိုပြောထားတာအဖေ – ဧည့်သည်သေးသေးလေးပါကိုယ်က ၂၀ ကျော်အရွယ်ရောက်နေမှ အသက် ၅၀ ကျော် အမေက ကိုယ်ဝန်ရှိနေတယ်ဆို ခင်ဗျားဘာလုပ်မလဲ မိတ်ဆွေဒီလောက်ပဲညွှန်းတော့မယ် ကောင်းမကောင်းကတော့ အဆင့်သတ်မှတ်ချက်တွေသာကြည့်လိုက်တော့ Top Ten India Movies of 2018 မှာလည်း ပါဝင်ထားတယ်မိသားစုဇာတ်လမ်းဖြစ်တာနဲ့အညီ ဟာသ၊ ဒရာမာ ကောင်းကောင်းဇာတ်ကားတစ်ကားမို့ လက်လွတ်မခံသင့်ပါဘူ
0 comments:
Post a Comment