‘Alif’ ဆို အာရပ်၊ အူရဒူ ၊ ပါရှား ဘာသာတွေရဲ့ ပထမအက္ခရာ
ပညာရေးကို ရည်ညွှန်းတဲ့ စကားပါ
ဟာကင်တို့ မိသားစုဟာ မွတ်စလင်ရပ်ကွက်လေးတစ်ခုမှာ နေတာပါ
လူမျိုးရေး ဘာသာရေးတွေကြောင့် ဟန္ဓူတွေနဲ့ မရောဘဲ သီးသန့်နေကြပြီး
ကလေးတွေကတော့ မွတ်စလင်ဘာသာရေးကျောင်းကို တက်ကြရပါတယ်
ဟာကင်ဟာ သူ့ရဲ့ ၁ဝနှစ်အရွယ်သား အလီကို ဆရာဝန်ဖြစ်စေချင်ပေမယ်လည်း
ဘာသာရေး လူမျိုးရေးပြသနာတွေကြောင့်ရော ပတ်ဝန်းကျင် အခြေအနေကြောင့်ပါ
ပညာရေးကျောင်းကို မထားနိုင်ဘဲ ဘာသာရေးကျောင်းထားပြီး ဘာသာရေးဆရာလုပ်ခိုင်းရမယ့်
အခြေအနေ ဖြစ်လာပါတယ်
တစ်နေ့မျာ ဟာကင်ရဲ့ညီမဖြစ်သူ ပါကစ္စတန်ကနေ ရောက်လတဲ့အချိန်မှာတော့
အခြေအနေ တစ်မျိုးပြောင်းလာခဲ့ပါတယ်
ဖိနှိပ်မခံချင်ရင် အသိပညာတတ်မှ ရမယ် အသိပညာတတ်ဖို့ ပညာရေးကျောင်းတက်မှဖြစ်မယ်ဆိုတဲ့
အဒေါ်ဖြစ်သူရဲ့ ဆန္ဓကြောင့် အလီဟာ ပညာရေးကျောင်းကို ပြောင်းရွှေ့ ခဲ့ပါတယ်
ဘာသာရေးကျောင်းကနေ ပညာရေးကျောင်းကို ပြောင်းခဲ့ရတဲ့ အလီဟာ
မတူညီတဲ့စာတွေ သင်ကြားမှုတွေကြားမှာ ရုန်းကန်ရပါတော့တယ်
အလီတစ်ယောက် ဘယ်လိုရုန်းကန်ပြီး စာတွေသင်ယူမလဲ
သူ့အဒေါ်ဖြစ်စေချင်တဲ့ ဆရာဝန်တစ်ယောက် ဖြစ်လာမလား
ကလေးသရုပ်ဆောင် အလီရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေကို
အခုဘဲ ကြည့်ရှုလိုက်ကြရအောင်

0 comments:
Post a Comment