2.0 (2018)


Rating : 6.3/10
Country : India 
Genre :  Action, Sci-Fi
Cast :    Rajinikanth, Akshay Kumar, Amy Jackson
Released Date : 2018
Duration : 2h 28min


 

အညွှန်း



၂၀၁၈ ခုနှစ်မှာ ထွက်ထားတဲ့ ဟင်ဒီစတားနဲ့တမီးလ်စတားတို့ အားပြိုင်ထားတဲ့ ၂၀၁၈ရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားတစ်ကားပါ။

ဒီဇာတ်ကားဟာ ၂၀၁ဝမှာ ထွက်ခဲ့တဲ့ Enthiranရဲ့ အဆက်ဆိုလည်း မမှားပါဘူး။

ပထမဇာတ်ကားထဲမှာတော့ ချက်တီးစက်ရုပ်ကိုမသမာသူတွေရဲ့ လက်ချက်ကြောင့် သိမ်းဆည်းခံခဲ့ရတာ အားလုံးသိမယ်ထင်တယ်။

ဇာတ်လမ်းအကျဉ်းကို ချပြရမယ်ဆိုရင်လူတိုင်းလည်းသိပြီးထားလောက်ပါပြီ။

မြို့ထဲမှာ ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်ပျက်ပုံကို စတင်တွေ့မြင်ရမှာပါ။ရှိရှိသမျှ မိုဘိုင်းဖုန်းတွေဟာ ဘာရယ်ကြောင့်မှန်းမသိaလထဲ လွင့်ထွက်ပျံသန်းသွားခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။

တခြားမိုဘိုင်းဖုန်းအရောင်းကိုယ်စားလှယ်တွေနဲ့ဆက်သွယ်ရေးဝန်ကြီးတွေပါ အသတ်ခံရပါသေးတယ်။

ဖုန်းတွေ ဘယ်ရောက်သွားကြတာလဲ။

ဘယ်သူ့လက်ချက်လဲ ဆိုတာ အားလုံး ပဟေဠိဖြစ်နေကြချိန်မှာဒါကို အဖြေရှာဖို့ ဒေါက်တာဗာစီကရန်ဟာ ကြိုးစားခဲ့ပါတယ်။

ဒီလိုနဲ့ စစ်တပ်ကတောင် မနိုင်တဲ့ ထိုအရာကြီးကိုချေမှုန်းဖို့... 

ချက်တီးစက်ရုပ်ကို ပြန်လည်အသက်သွင်းဖို့ အကြောင်းဖန်လာပါပြီ။

ကဲ ချက်တီးနဲ့အတူ မိုက်ခရိုဘော့လေးတွေလည်းပါဝင်ခံစားလိုက်ပါဦးဗျာ။-----------------------------------------------

မတောင်းခင် ကြိုပြောပါရစေဗျာ။

ဒီဇာတ်ကားကြည်တောက်ရှင်းမထွက်ခင်မှာရှေ့ကဇာတ်ကားကို တင်ပေးဖို့ စိတ်ကူးရှိခဲ့ပါတယ်။

ဒါပေမဲ့ မူလတမီးလ် ဗားရှင်း ဘလူးယေးမရှိတာမျိုးတွေ၊ ဟင်ဒီအသံထွက်နဲ့ ဘလူးယေးကျတော့စုံမစုံတာမျိုးတွေပဲ တွေ့ခဲ့ပါတယ်။

အချိန်ပေးမရှာတာလည်း ဖြစ်ပါလိမ့်မယ်။

အဲ့ဒီအတွက် ပထမကားကို ခုလောလောဆယ်တော့ မရနိုင်သေးပါဘူးလို့ ပြောပါရစေ။

တောင်ပိုင်းကားမို့ သူတို့ပြည်နယ်အကြိုက်ရိုက်ထားတာဖြစ်လို့ တချို့ပရိသတ်တွေအတွက်တော့အကြိုက်တွေ့မှာမဟုတ်ပါဘူး။

လောလောနဲ့ ဇာတ်ကားနှစ်ကားကိုတပြိုင်နက်အမြန်ဆုံးရေးထားတဲ့အတွက်လွဲချော်မှုတစ်စုံတစ်ရာပါရင် ခွင့်လွှတ်ပါ။


 

0 comments:

Post a Comment