အချစ် ဟာသ ကားတွေနဲ့ငြီးငွေ့နေတဲ့ ပရိသတ်ကြီးအတွက်
ဒီ Drama Thriller အမျိုးအစား ကားလေးကအကြိုက်တွေ့စေမှာပါ။
Ratingအနေနဲ့ကလဲ Imdb Rating 6.2/10 လောက်ရထားတာဆိုတော့ ကုလားကားတစ်ကားအနေနဲ့
မဆိုးဘူးလို့ပဲ ဆိုရမှာပါ။
ဇာတ်လမ်းအကျဉ်းလေးကိုလဲ အားလုံးမြည်းစမ်းကြည့်ရအောင်တင်ဆက်ပေးချင်ပါသေးတယ်။
အေးအေးလူလူ အပန်းဖြေခရီးထွက်လာတဲ့
မိသားစုတစ်စု…
ဖခင်ဖြစ်သူ Sushantရယ်
မိခင်ဖြစ်သူ Aparnaရယ် သုံးနှစ်အရွယ်သမီးလေး Titli တို့ကပင်လယ်ကမ်းခြေတစ်ခုကို
အလည်အပါတ်ရောက်ရှိနေတာပါ။
အဲ့ဒီခရီးစဉ်မှာပဲ သမီးလေး Titli ကအပြင်းဖျားပါတော့တယ်။
ဒီလိုနဲ့ နောက်တစ်နေ့မနက်မှာ အပြင်းဖျားနေတဲ့ကလေးလေး ပျောက်ချင်းမလှ
ပျောက်ဆုံးသွားပါတော့တယ်။
နယ်မြေရဲတွေကိုသတင်းပို့
တိုင်ချက်ဖွင့်သော်ငြား အခြေအနေထူးမလာခဲ့ပါဘူး။
အဲ့အချိန်မှာပဲ တစ်ယောက်နဲ့
တစ်ယောက်သံသယတွေဝင်ကာ
အခြေအနေတွေက တစ်စတစ်စတင်းမာလာခဲ့ပါတယ်။
ဒီကလေးပျောက်ဆုံးသွားသောအမှု
အပေါ်ဘေးလူတွေဝိုင်းသုံးသပ်မှုတွေနဲ့ ဒီပျောက်ဆုံးမှုဟာသွေးရိုးသားရိုးရောဟုတ်ပါသလား?
ဘယ်သူ့ပယောဂကြောင့်များ
ပျောက်ဆုံးသွားခဲ့တာလဲ?
ပြန်ရောတွေ့ပါ့မလား?
စတဲ့သို့လောသို့လောမေးခွန်းတွေနဲ့ အဆုံးအထိ စိတ်ဝင်တစား
ကြည့်ရှူသွားရမယ့်
ကားလေးတစ်ကားပါ။
0 comments:
Post a Comment