Rating : 6.0/10
Country : United State
Genre : Action, Adventure, Sci-Fi
Cast : Guy Pearce, Yancey Arias, Mark Addy
Released Date : 2002
Duration : 1h 36min
Country : United State
Genre : Action, Adventure, Sci-Fi
Cast : Guy Pearce, Yancey Arias, Mark Addy
Released Date : 2002
Duration : 1h 36min
အညွှန်း
အချိန် ဆိုတာ လူတွေအတွက် အရေးပါတဲ့ အရာတစ်ခုပါ။လူတွေ အချိန်တွေကို ဖြတ်သန်းလာကျတယ်။ကျော်ဖြတ်သွားကျတယ်။နောက်တစ်နေ့ရောက်တဲ့ အခါမှာ အရင်နေ့က အမှားတွေရဲ့ အကျိုးဆက်တွေရလာဒ်တွေကို ကြုံရတဲ့ အခါ ငါ အရင် အချိန်တွေကို ပြန်သွားလို့ရရင် ကောင်းမှာ ဆိုပြီး တွေးတက်ကျပါတယ်။
အဲ့အတွေးတွေကနေ စပြီး Time Travel အချိန်ခရီးသွားခြင်း ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေဖြစ်လာပါတယ်။နှစ်ပေါင်းများစွာ ခေတ်ပေါင်းများစွာ ဖြတ်သန်းပြီးတာတောင် ဒီနေ့အထိ လူတွေစိတ်ကူးယဉ်နေကျဆဲ ပါပဲ။
H.G Wells ရဲ့ နာမည်ကျော် ဝတ္ထု ကို ပြန်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာဆိုရင်လည်း Time Travel အကြောင်းကို ရိုက်ကူးထားတာပါ။ပါမောက္ခ အလက်ဇန္ဒား ဟာဆိုရင် ထူးချွန်တဲ့အလုပ်ကြိုးစားတက်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ပါ။သူ့ဘဝဟာအေးဆေး ဆိတ်ငြိမ်ပြီး သူ့ကျောင်းသားတွေသူ့သုတေသနတွေ နဲ့ ပျော်မွေ့နေတက်သူပါ။
သူဟာ မကြာခင်မှာသူချစ်ရတဲ့ ချစ်သူဖြစ်တဲ့ အမ်မာ ကိုလက်ထပ်ခွင့်တောင်းတော့မှာပါ။ဘဝက ပျော်ရွှင်စရာအတိပေါ့ဗျာ။
ဒါပေမဲ့ ဘ၀ ဆိုတာ ထင်မထားတာတွေဖြစ်လာတက်တဲ့ ဆိုတဲ့ အတိုင်း သူလက်ထပ်ခွင့်တောင်းနေစဉ်မှာပဲ သူ့ကောင်မလေးကို ဆုံးရှုံးလိုက်ရပါတယ်။ချစ်သူကို ဆုံးရှုံးလိုက်ရတဲ့ အလက်ဇန္ဒားတစ်ယောက် အဲ့အချိန်ကို ပြန်သွားပြီး အဲ့ဖြစ်ရပ်ကို ပြောင်းလဲဖို့ ကြိုးစားပါတယ်။
သူဟာ အချိန်ခရီးသွားစက်ကို ထွင်ပြီးသွားပြောင်းလဲပါတော့တယ်။ဒါပေမဲ့ …..သူဟာသူ့ကောင်မလေးကို ကယ်တင်နိုင်မှာလား….သူအချိန်ခရီးသွားစက်နဲ့ ဘယ်တွေ ကို သွားအုံးမလဲ ….
စတာတွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှု့ခံစားရမှာပါ။
0 comments:
Post a Comment