ဒီကားလေးဟာ IMDB 6.1 အထိ ရရှိခဲ့ပြီး
ဇကာတင်ဆုစာရင်းတွေမှာလည်း နေရာယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် စကားလုံးဖွဲ့နွဲ့ပုံ တင်ဆက်မှုတွေကလည်း တကယ်ကြည်နူးစေမိပါတယ်။ မင်းသားကြီး အမီတာဘဂျမ်း / ရှာရွတ်ခမ်း နဲ့ မင်းသမီး တို့ရဲ့ သရုပ်ဆောင်မှုတွေကလည်း အသက်ဝင်စေပါတယ်။
" အိမ်ထောင်မှု တစ်ခုမှာ ချစ်မေတ္တာဟာ အခြေခံတရားပဲ ဖြစ်တယ် " ဆိုခဲ့ကြတယ်။ ချစ်ခြင်းမေတ္တာမရှိတဲ့ အိမ်ထောင်တွေကြား လိုအပ်တဲ့အချစ်စစ် အချစ်မှန်အကြောင်းကို ဒါရိုက်တာ ပြောလိုပုံရပါတယ်။ ဒီကားလေးမှာတော့လူ့ပတ်ဝန်းကျင် နိယာမ နဲ့ မသွေဖယ်တဲ့ ရိုက်ချက်တွေအပြင် အိမ်ထောင်တစ်ခုမထူထောင်ခင် စဉ်းစားသိမြင်ဖို့ တိုက်တွန်းထားသလိုပါပဲ။ ဝမ်းနည်းမှု ကြည်နူးမှု ဆွတ်ပျံ့ပျော်ရွှင်မှုတွေအပြင် အကအလှတွေကလည်း ရသစုံလင်တာကြောင့် ကြည့်ရှုရကျိုးနပ်တဲ့ ဇာတ်ကားလေးဖြစ်ခဲ့ရပါတော့တယ်။
……………………………………………………………………
" အိပ်မက်မှာ ပျော်ရွှင် မယ်။ ကြည်နူးမယ်။ သို့ပေမဲ့ မျက်လုံးဖွင့်ချိန်ကျ အားလုံး ပျောက်ရှသွားနိုင်ခဲ့တယ် "
" နှုတ်မဆက်ကြေးပါ ။ ဘာဖြစ်လို့လဲဆိုတော့ နှုတ်ဆက်ခြင်းဟာ နောက်တစ်ဖန် ပြန်လည်ဆုံတွေ့လိုခြင်းကို အသေသတ်လိုက်နိုင်လို့ပဲ"
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
0 comments:
Post a Comment